ချင်ယွင်ချီ က သိပ်မမေးတော့ဘဲ .သတင်းစာကို ချလိုက်သည် ။ စာမျက်နှာပေါ်တွင် ယန်မိသားစု ပျက်စီးသွားသည့် သတင်းသည် အထင်းသားပင် ။ လုဖုန်းက တစ်ချက်သာ ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ သူလုပ်လိုက်တာ ဖြစ်ကြောင်း အသိပေးလိုက်သည် ။ သတင်းစာ တခြမ်းတွင် ပါလာသည့် ကွေ့လန်အာ၏ ပုံရိပ်ကိုတော့ လစ်လျုရှုလိုက်လေသည် ။
ကွေ့လန်အာသည် သူနဲ့ ချင်ယွင်ချီ ၏ သတင်းအား မီဒီယာကို ပြောသော်လည်း မီဒီယာများက မလွင့်ရဲပေ ။ ကွေ့လန်အာသည် ထိုကိစ္စကြောင့် ဒေါသထွက်သွားကာ သူမရဲ့ ရှုပ်ထွေးသည့် မိသားစု ကို ပြန်သွားခဲ့သည် ။ သုံးနှစ်ကြာပြီးနောက် သူမသည် သရုပ်ဆောင်တစ်ယောက်အဖြစ် လူထုရှေ့တွင် ပေါ်လာခဲ့ပြီး အောင်မြင်မှုများယူနေခဲ့သည် ။
တိတ်ဆိတ်နေသည့် ချင်ယွင်ချီ ကြောင့် လုဖုန်းက သက်ပြင်းအသာချလိုက်သည် ။ သေသင့်သည့် ကံတရားထက် ဒီကံတရားက ပိုဆိုးနေသလိုပင် ။ လူတိုင်းသည် သူက ကွေ့လန်အာ ကို နှစ်သက်သည်ဟုဘဲ ထင်မှတ်နေကြသည် ။ ချင်ယွင် ကဲ့သို့ ယုံကြည်ချက်အပြည့်ရှိသည့် လူမျိုးကိုပင် တွေဝေနေစေသည်။
" ငါ.. ‌ငါ တောင်းပန်ပါတယ်.. မင်းကို မယုံမကြည်မဖြစ်သင့်ဘူး "  သက်ပြင်းအသာချလိုက်သည့် လုဖုန်းကြောင့် ချင်ယွင်ချီ က တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည် ။ သူက လုဖုန်း၏ လက်ကို အလောတကြီး ဆုပ်ကိုင်လိုက်ကာ " ထွက်... ထွက်မသွားဘူးမို့လားဟင် .. နောက်အဲ့လို မဖြစ်အောင် ကြိုးစားပါ့မယ် "
လုဖုန်းက ပြိုတော့မဲ့မိုးလို ဖြစ်နေသည့် ချင်ယွင်ချီ အား ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည် ။ လုဖုန်းသည် ကွေ့လန်အာ ကို ချစ်ဖို့ မွေးဖွားလာသကဲ့သို့ သူလုပ်သင့်သည်က ကွေ့လန်အာကို ဂရုစိုက်ဖို့ ရယူဖို့သာ ။ သူက ကွေ့လန်အာ ကို မကြိုက်ဘူးဟု တဖွဖွ ပြောနေလျှင်တောင် ထိုကံတရားကြောင့် သူ့အား ယုံကြည်ကြမည်မဟုတ်ပေ ။
" သဝန်တိုတာ .. ဘယ်လောက်တောင် ချစ်ဖို့ ကောင်းလိုက်သလဲ .. ကိုယ်က ဘာလို့ ထွက်သွားရမှာလဲ " မော့ကြည့်လာသည့် လူကြောင့် ခပ်ဖွဖွ ပြုံးလိုက်ကာ " ကိုယ်သဘောကျတာ မင်းတစ်ယောက်တည်း "