
6.2K 306 4
                                    

Unicode_

နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)
အပိုင်း(15)
ဇာတ်သိမ်းပိုင်း

ဇာတ်လမ်းရှည်ရင်ဇာတ်ပျက်သွားနိုင်လို့
အတိုချုပ်လိုက်ရတာပါ။

ရှိုင်းသူရလဲ အိမ်ပြန်အရောက်ငေးငိုင်စွာ
ဖြင့် အခန်းထဲသို့ဝင်လာတော့ ဦးထွဋ်ခေါင်
ကိုတွေ့လိုက်ရသည်။

"သမီးအားနည်းနေတယ် သမီးကိုဂရုစိုက်ပါအုံး"

"ဟုက်ကဲ့အန်ကယ်"

"သမီးကိုမင်းထားခဲ့ဖို့မကြိုးစားပါနဲ့ ငါ့သမီး
မင်းကိုဘယ်လောက်ထိချစ်လဲဆိုတာမင်း
အသိဆုံးဖြစ်မှာပါ"

"မေကဘာတွေပြောလိုက်တာလဲ?"

"ငါလဲအခုတလောဖဲရှုံးနေလို့ မင်းတို့ကိစ္စ
ကိုဝင်မရှင်းနိုင်သေးဘူး"

"ဖဲရိုက်တယ်ဆိုတာကိုယ့်အတွက်အကျိူ းမရှိတဲ့အလုပ်ပါ"

"ငါ့သမီးကိုသာဂရုစိုက် ငါဒါပဲပြောချင်တယ်"

ဦးထွဋ်ခေါင်လဲပြောအပြီးအခန်းထဲကထွက်
သွားတော့သည်။

"ငါလဲရူးတော့မယ် "

"ကိုရှိုင်းမေဆီပြန်လာတယ်"

"မင်းအားမရှိဘူးဆို အိပ်လိုက်အုံး"

"ဟင့်အင်း ကိုရှိုင်းရှိရင်မေအလိုလိုအားပြည့်
ပါပြီ"

"မင်းမျက်နှာကြည့်ရတာ ဖြူ ဖက်ဖြူ ရော်နဲ့"

မေလဲကုတင်ပေါ်ကဆင်းကာ ကိုယ်လုံးပေါ်
မှန်အားကြည့်လိုက်သည်။

"မေရူးနေပြီထင်တယ် ကိုရှိုင်းဟိုကောင်ဆီ
သွားတာမလား ဘာပြန်လာလုပ်တာလဲ?"

"မင်းဘာတွေပြောနေတာလဲ?"

"ဟီးဟီး...ဟိုကောင်နဲ့အိပ်ပြီးပြန်လာမလား?
မေနဲ့ရောအိပ်မယ်မလားဟင်..."

"မင်းရူးနေပြီ"

"မရူးဘူး မေမရူးဘူး ရူးနေတာရှင်လေ"

"ဘာ! "

"ဟီး....ရှင်ကအရူးပဲ ရှင်ဆေးရောသောက်ရဲ့လား?"

မေကပြောချင်ရာတွေလျှောက်ပြောနေတော့သည်။

မေကသူ့ဗိုက်ကလေးကိုပွတ်ကာ

နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)(Unicode)Where stories live. Discover now