အပိုင္း(14)

4.2K 305 28
                                    

Unicode _

နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)
အပိုင်း(14)

မနက်(8)နာရီခန့်....

သီဟကျော်အိပ်ယာကနိုးလာတော့ ဘေးကို
လှမ်းကြည့်လိုက်သည်။

"ဟိုလူဘယ်ရောက်သွားပြီလေ အိမ်ပြန်
သွားပြီလားမသိ"

သီဟကျော်လဲ ထကာရေချိုးခန်းထဲဝင်ပြီး
မျက်နှာသစ်ရေမိုးချိုးနေတော့သည်။

အောက်ထပ်မှာတော့ မနက်စာထမင်းကြော်
နဲ့ ရှိုင်းသီဟလေးအား တယုတယခွံကျွေးနေတဲ့ ထက်မြတ်လျှံ။

"စားကောင်းလားသားလေး"

"စားကောင်းတယ် ဦးဦး"

"ဦးဦးလို့မခေါ်ပါနဲ့လား တမျိုးကြီးပဲ"

"ဘယ်လိုခေါ်ရမလဲ"

"ဒယ်ဒီလို့ခေါ်"

"ပါပါးဆူလိမ့်မယ်"

"မဆူပါဘူး ဒယ်ဒီလို့ခေါ်မယ်မလား?။ဒယ်ဒီ
လို့ခေါ်ရင် ဒယ်ဒီအိမ်လဲခေါ်သွားမယ်
စားစရာတွေလဲကျွေးမယ် အရုပ်တွေလဲဝယ်
ပေးမယ် သားလေးသွားချင်တဲ့နေရာ
ကိုလဲလိုက်ပို့ပေးမယ်"

ထက်မြတ်လျှံကတော့ ရှိုင်းသီဟလေးကို
အပိုင်ချုပ်နေတော့သည်။

"တကယ်လား?"

"တကယ်ပေါ့သားလေးရဲ့ ခေါ်မယ်မလား?"

"ဟုက်ကဲ့"

"ခေါ်ကြည့်"

"ဒယ်ဒီ"

"နားဝင်ချိုလိုက်တာသားလေးရယ် နောက်ခါ
ဒယ်ဒီလို့ပဲအမြဲခေါ်ရမယ်နော်"

"ဟုက်ကဲ့ဒယ်ဒီ"

"လိမ္မာလိုက်တာ ဒယ်ဒီသားလေးက.."

ထက်မြတ်လျှံလဲ ကလေးအားထမင်းပြန်ခွံကျွေးနေတော့သည်။

သီဟကျော်လဲအောက်ထပ်ဆင်းအလာ
သားလေးနဲ့ကိုထက်မြတ်လျှံကိုတွေ့သာ
ကြောင့်ပြုံးလိုက်မိတယ်။

"ခင်ဗျားပြန်သွားပြီထင်နေတာ"

"မပြန်ပါဘူး ကလေးလာထိုင်လေ မောင်
ကလေးအတွက်မနက်စာပြင်ထားတယ်"

"ဘယ်လို..မောင်!ဟုက်လား?"

"အင်းလေကလေးရဲ့ မောင်ပြောတာမှားလို့
လား?"

နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)(Unicode)Hikayelerin yaşadığı yer. Şimdi keşfedin