အပိုင္း(5)

3.7K 285 19
                                    

Unicode_

နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)
အပိုင်း(5)

စကားအသုံးအနှိုင်းများရိုင်းသွားခဲ့သည်ရှိသော်ချစ်သောမျက်စိဖြင့်ဖတ်ပေးကြပါရန်။

သူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်စား
သောက်အပြီး အိပ်ယာထဲဝင်လိုက်ကြသည်။
သားလေးကိုတော့ဘေးအခန်းထဲသိပ်ထား
ခဲ့သည်။

ကျွန်တော်လှဲအိပ်နေရင်းအနောက်ကလေ
မောင်ကသိုင်းဖက်လိုက်သာကြောင့် လှဲနေရာ
မှထရပ်လိုက်သည်။

ရှိုင်းသူရတော့ ကလေးကိုနားမလည်ပေ။

"ကလေးဘာဖြစ်တာလဲ?"

"ဘာမှမဖြစ်ဘူး"

"သေချာလို့လား?"

"သေချာတယ်"

"မောင့်ကိုလိမ်နေတာလားကလေး။ဘာ
ကိစ္စပဲဖြစ်ဖြစ် မောင့်ကိုအမှန်အတိုင်းပြောရမယ်လေ"

ကျွန်တော်လဲမောင့်ကိုသေချာစိုက်ကြည့်ကာ

"မောင်ရော ကလေးမေးရင်အမှန်အတိုင်း
ပြောမှာလား?"

"ပြောမှာပေါ့ကလေးရဲ့ ကလေးဘာမေးမလဲ"

"မောင်ကလေးကွယ်ရာမှာဖောက်ပြန်နေတယ်မလား?"

ကလေးရဲ့မထင်မှတ်ထားသောအမေးကြောင့်
ကျွန်တော်ဘာပြောလို့ပြောရမှန်းမသိ
စွံအသွားတော့သည်။

"ဖြေလေမောင်"

"မောင့်မှာကလေးတစ်ယောက်ပဲရှိတာပါ"

(လူလိမ်၊လူယုတ်မာ၊ပြောဖို့အခွင့်အရေးပေးခဲ့
တယ် မောင်ကအမှန်အတိုင်းမပြောဘူး)

"သေချာလားမောင်"

"သေချာတာပေါ့ကလေးရဲ့"

"ကလေးကဖောက်ပြန်တဲ့သူကိုသိပ်မုန်းတာ။
ပြီးတော့သတ်ပြစ်ချင်လောက်အောင်မုန်းတာ"

"မောင့်ကိုကလေးကအထင်သေးတာလား?"

"မသေးပါဘူး တကယ်လို့မောင်ဖောက်ပြန်ခဲ့
ရင်တောင် မောင်ကိုယ်တိုင်ဝန်ခံသာကိုလို
ချင်တယ် ကလေးသိလို့ကတော့မလွယ်ဘူး
မှတ်"

"ကဲပါမောင်တို့အိပ်ရအောင်"

"ကလေး သားလေးနဲ့သွားအိပ်တော့မယ်
မောင်တစ်ယောက်ထဲအိပ်တော့နော်"

နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)(Unicode)Where stories live. Discover now