အပိုင္း(7)

3.9K 292 13
                                    

Unicode_

နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)
အပိုင်း(7)

ဒီအပိုင်းကိုတော့ကျေနပ်ကြမယ်ထင်ပါရဲ့။

သီဟကျော်လဲ ဒေါ်မြတ်မေဆီလျှောက်သွား
လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်အန်တီ"

"အန်တီလဲတွေ့ရတာဝမ်းသာပါတယ်ကွယ်"

"အန်တီကပျော်စရာတွေချည်းပဲရှိနေလို့ထင်တယ် မျက်နှာကအေးမြနေတယ်နော်"

"သားကတော့စကားတက်ပြီ"

ဦးထွဋ်ခေါင်က လက်ထဲကဝိုင်ပုလင်းအား
သီဟကျော်ကိုကမ်းပေးလိုက်သည်။

"ကျေးဇူးအန်ကယ်"

"ဒါကစင်ကာပူကအကောင်းဆုံးဝိုင်လေ"

"အော်။မောင်နဲ့အန်ကယ်နဲ့ရင်းနှီးမြုပ်နှံမှု
လုပ်ကြတယ်ဆို"

"ဟုက်တယ်သားရဲ့"

သီဟကျော်လဲလက်ထဲကဝိုင်အားအကုန်
မော့သောက်လိုက်ပြီး ဖန်ခွက်အားစားပွဲပေါ်
တင်လိုက်သည်။

"သားဒီနေ့ကြည့်ရတာတမျိုးပဲ တစ်ခုခုစိတ်
မကြည်စရာကိစ္စရှိလို့များလား?"

"အဲ့လိုထင်တယ် အရမ်းပင်ပန်းတယ်"

"ဘာကပင်ပန်းစေလို့လဲသားရဲ့။သားမှာ
ပျော်ရွှင်စရာမိသားစုကမ်ဘာလေးပိုင်ဆိုင်ထား
တယ်လေ"

မေက မာမီစကားကြောင့်တစ်ချက်ပြုံးလိုက်သည်။

သီဟကျော်လဲ မေကိုကြည့်လိုက်တော့သူ့ကို
ပြောင်ပြီးပြုံးနေတာမြင်သာကြောင့်
အသံမြင့်ပြီးပြောလိုက်သည်။

"ပျော်ဖို့ကောင်းလား? ရီစရာပါလို့လား?"

ရှိုင်းသူရလဲ အားနာသောအကြည့်ဖြင့်
ဒေါ်မြတ်မေနဲ့ဦးထွဋ်ခေါင်အားကြည့်လိုက်သည်။

"သူအခုတလောstressများနေလို့ပါ တောင်း
ပန်ပါတယ် သွားခွင့်ပြုပါအုံး"

သီဟကျော်စကားက ဘေးနားကဧည့်သည်
တချို့လဲကြားရတော့ သူတို့ဆီအကြည့်တွေ
ရောက်ကုန်ကြသည်။

"ငါ့ယောကျာ်းကြောင့်လား? ကျွန်တော့်ကို
လိမ်တယ်ဒီလူ"

"တော်တော့သွားကြရအောင်။သွားခွင့်ပြုပါအုံး"

နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)(Unicode)Where stories live. Discover now