အပိုင္း(8)

3.9K 299 34
                                    

Unicode_

နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)
အပိုင်း(8)

မကောင်းတဲ့သူက မကောင်းတဲ့အကျိုးပဲ
ခံစားရမှာပါ။သူများမိသားစုကိုပြိုကွဲအောင်
လုပ်ရင်ကိုယ့်မိသားစုလဲ ပြိုကွဲရအမြဲပါ။

ည(9)နာရီခန့် သီဟကျော်လဲ ရှင်ပြုပွဲဖိတ်စာ
အတွက် ဝေယံကိုထိုင်စောင့်နေသည်။
သိပ်မကြာပါဘူးရောက်လာတဲ့ ဝေယံ။

"ကြာလိုက်တာဝေယံရယ်"

"ဆော်ရီးငါနောက်ကျသွားလို့"

"ဖိတ်စာပြအုံး"

သီဟကျော်လဲ ဖိတ်စာကိုယူပြီးဖတ်လိုက်တော့ အချက်ပြုံးလိုက်မိတယ်။

"ဖိတ်စာမှားနေတယ် ဝေယံ"

"မမှားဘူးသီဟ ငါမိတ္တူ ဆိုင်မှာအခါငါးဆယ်
လောက်စစ်လာတာ"

"သီဟကျော်+ရှိုင်းသူရတဲ့ အဲ့နေရာမှာစာလိုနေတယ် "

"ဘာလိုလို့လဲ?"

"ကွယ်လွန်သူ(ရှိုင်းသူရလို့)ထည့်ပါ"

"မသေသေးဘူးလေ"

"ငါတို့ရင်ထဲမှာသေသွားပြီ ငါပြောသလိုပဲ
လုပ်ပေး ပြီးရင်အဲ့ဖိတ်စာ သူတို့ကိုသွားဖိတ်ပေး"

"မင်းအဲ့လောက်ထိပြတ်သားလိမ့်မယ်လို့ငါ
မထင်ထားဘူး"

"လူတစ်ယောက်ကိုမုန်းပြီဆိုရင်ပြန်လှည့်
မကြည့်တက်ဘူး"

"သူကနောင်တရလို့မင်းဆီပြန်လာရင်ရော"

ဝေယံစကားကြောင့်ကျွန်တော်သဘောကျစွာ
ပြုံးလိုက်မိတယ်။

"လွှတ်ပစ်ပြီးသားပစ္စည်းကိုပြန်သုံးရအောင်
ငါအရူးမဟုက်ဘူးဝေယံ တစ်နေ့သူငါရှေ့
ခြေသလုံးဖက်ပြီးတောင်းပန်အောင်ငါလုပ်ပြ
မယ်"

"ကောင်းတယ် "

"မင်းပြန်မနေနဲ့တော့ အိမ်မှာပဲအိပ်လိုက်တော့"

"အေးပါ"

ဘာလိုလိုနဲ့လေးငါးရက်တောင်ရှိသွားပြီ။
ရှိုင်းသူရကို မေတို့အိမ်က သမီးမျက်နှာ
ကြောင့်လက်ခံထားပေမဲ့ စကားမပြော
လစ်လျှရှုထားကြသည်။

နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)(Unicode)Hikayelerin yaşadığı yer. Şimdi keşfedin