အပိုင္း(13)

Start from the beginning
                                    

"ဒါဆိုစိတ်ချမယ်နော်သားရီး"

ကျွန်တော်လဲဝေယံအားမျက်စိတစ်ဖက်မှိတ်ပြ
လိုက်ကာ ပထုတ်လိုက်သည်။

"ခင်ဗျားလဲပြန်တော့"

"ပြန်ဘူး ဒီညဒီမှာအိပ်မှာ"

"အူကြောင်ကြောင်လာလုပ်မနေနဲ့"

"ဗိုက်ဆာလိုက်တာကလေးရာ ဘာဟင်းချက်
ထားလဲ?"

"ဘာမှမချက်ထားဘူး"

"လိမ်တယ်လူလိမ်လေး ထမင်းတစ်နပ်လေး
ကျွေးတာကိုး မွဲသွားမှာကျနေတာပဲ..ဟွန့်..."

မျက်စောင်းထိုးကာနောက်ဖေးထဲဝင်သွားတဲ့
ကိုထက်မြတ်လျှံကြောင့်ထွက်နေတဲ့ဒေါသ
တောင်ဘယ်ပျောက်သွားမှန်းမသိပေ။

ရှိုင်းသူရလဲ အိမ်အရောက်မေအားကုတင်ပေါ်
သို့တွန်းလိုက်သည်။

"အားးနာလိုက်တာ မေကိုဘာလို့တွန်းထုတ်
တာလဲ?"

"ငါ့အရှေ့မှာငါ့သားကိုဒုက္ခပေးမယ်လို့်မင်း
ပါးစပ်မို့လို့ပြောထွက်တယ်"

"မင်းတဲ့လား?ဘာလဲ အဲ့ကောင်နဲ့
ကလေးကိုအခုထိသံယောဇဉ်မပြတ်နိုင်သေး
ဘူးပေါ့"

"မင်းကြောင့်လေ"

"မေကြောင့်ဟုက်လား?မေဘာလုပ်နေလို့လဲ?"

ရှိုင်းသူရလဲ ဘောင်းဘီအိတ်ကပ်ထဲက
ဆေးကဒ်အားမေကိုပြလိုက်သည်။

"ဒါဘာလဲမေ"

"အားဆေးလေ အားနည်းရင်
မေသောက်နေကျ"

"ငါငတုံးမဟုက်သလို ပညာမတက်တဲ့ကောင်
လဲမဟုက်ဘူး "

"သိရင်ဘာလို့မေးနေသေးတယ်"

"ဘာလို့ကိုယ်ဝန်တားဆေးသောက်တာလဲ?"

"နောက်ကလေးယူဖို့ မေအားမရှိဘူး"

"သားသမီးဆိုတာအိမ်ထောင်ရေးကိုခိုင်မြဲစေတဲ့သံယောဇဉ်ကြိုးတစ်ချောင်းပဲ မင်းနားလည်ရဲ့လား? "

"နားလည်ပါတယ် ဒါပေမဲ့မေဘက်ကိုလဲပြန်
ကြည့်ပါအုံး"

"မင်းကိုငါတစ်နေ့တခြားစိတ်ပျက်လာတာ
အမှန်ပဲ"

မေလဲ ကိုရှိုင်းစကားကြောင့်အံသြသွားကာ
မေးခွန်းပြန်မေးလိုက်သည်။

နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)(Unicode)Where stories live. Discover now