အပိုင္း(7)

Start from the beginning
                                    

"အင်းအဲ့လိုလုပ်တာကောင်းမယ်ထင်တယ်
သီဟကျော်လေးပင်ပန်းနေတယ်ဆိုတော့"

သီဟကျော်လဲ ဒေါ်မြတ်မေကိုစိုက်ကြည့်ကာ

"ကိုယ်ဝန်ရှိနေတာ မိဘတွေမသိသေးဘူးထင်တယ် မေ"

ရှိုင်းသူရကတော့ သွေးပျက်ခြောက်ခြားနေတော့သည်။

"ဘာ ကိုယ်ဝန်ဟုက်လား သားကတော့နောက်ပြီ"

"မယုံရင်မေးကြည့်ပါလား?"

ဒေါ်မြတ်မေလဲ ဘေးနားကသမီးကိုကြည့်ကာ

"သမီး...သူပြောတာဟုက်လားမဟုက်ဘူးလို့
ဖြေလိုက်လေ"

မေမျက်နှာတစ်လုံးနီရဲနေတော့သည်။
ခေါင်းမော့လိုက်ကာ ကိုရှိုင်းကိုကြည့်လိုက်တော့ ကိုရှိုင်းကဘာမှမပြောရန်ခေါင်းခါပြတော့
အရမ်းအံသြသွားသည်။

"ကျွန်တော့်ယောကျာ်းနဲ့ဖြစ်နေတာလေ
ခုကိုယ်ဝန်ရနေပီ။ခင်ဗျာတို့ကအဲ့တာကိုမသိဘဲ ရင်းနှီးမြုပ်နှံခဲ့တာလေ"

ရှိုင်းသူရဝင်ပြောတော့သည်။

"နားလည်မှုလွဲနေတာပါ အန်ကယ်။
သေချာရှင်းပြပါ့မယ်"

သီဟကျော်လဲတစ်ချက်ပြုံးလိုက်ကာ

"သူကသရဲဘောကြောင်ပြီးရှောင်ပြေးနေတာ
အဲ့တာရှိုင်းသူရရဲ့ပုံစံပဲ။နင်ပတ်သတ်ခဲ့တဲ့
ယောကျာ်းက အဲ့လိုလူစားမျိူးပဲ"

"မင်းအခုငါ့သမီးကိုပြောနေတာလေသတိလေးထားအုံး"

"ခင်ဗျားသင်ပေးထားသင့်တာပေါ့ ပိုသတိထား
ပြီးနေဖို့လေ။သူများယောကျာ်းနဲ့လာမပတ်
သတ်သင့်ဘူးလေ။ကလေးရှိတဲ့ယောကျာ်းနဲ့
မဖောက်ပြန်သင့်ဘူး"

မေကြမ်းပြင်သို့လဲကျသွားကာ မျက်ရည်များလဲအသွင်သွင်စီးကျလာတော့သည်။

မွေးနေ့ပွဲလာကြတဲ့ဧည့်သည်တွေအရှေ့
အဖတ်ဆည်လို့မရအောင်အရှက်ခွဲလိုက်ခြင်းပင်။

ဧည့်သည်များကလဲဖုန်းကိုယ်စီဖြင့်ရိုက်နေကြ
သည်။တချို့က liveလွင့်တယ် တချို့က
ဓာတ်ပုံရိုက်နေကြသည်။

မေလဲနားနှစ်ဖက်အားလက်ဖြင့်ပိတ်ကာ
ခေါင်းခါလိုက်ပြီး အော်လိုက်တော့သည်။

နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)(Unicode)Where stories live. Discover now