ဟမ်?

ရုတ်တရပ်,ထျီရန်ကော၏မျက်နှာအမူအရာသည်
အလွန်အံ့ဩသင့်သွားရသည်။သိပ်မဝေးကွာလှသော
နေရာတွင်ရှိနေသည့်လုံခြုံရေးလက်မောင်းထဲမှ
တစ်စွန်းတစ်စထွက်ပေါ်နေသည့်အဝတ်စကို
စိုက်ကြည့်နေမိသည်။

နေစမ်းပါအုန်း,သူထင်ယောင်ထင်မှား
ဖြစ်နေတာတော့,မဟုတ်ဘူးမလား?
အဲ့လုံခြုံရေးရဲ့လက်မောင်းထဲမှ
လူတစ်ယောက်ရှိနေတာလား?

Swish-

အဝတ်စားချင်းပွတ်တိုက်မိရာမှထွက်ပေါ်
လာသည့်အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
ယောင်းယီသည်ထိုအရပ်မြင့်မြင့်ဝိဉာဉ်၏
လည်ပင်းကိုရစ်ပတ်တွယ်ချိတ်ထားသည့်
သူ၏လက်များကိုချဲ့လိုက်ပြီးထိုအရိပ်၏
ပခုံးပေါ်သို့ကြည်ညိုမှုဖြင့်တောက်ပနေသည့်
မျက်နှာဖြင့်မှီအပ်လိုက်သည်။သူ၏မျက်လုံးများ
သည်မီးခိုးရောင်မြူများဆိုင်းနေသလိုမျိုး
ဖြစ်နေပြီးကြည့်ရသည်မှာအလွှာပါးတစ်ခု
ဖုံးထားသလိုပင်။

ထိုဝိဉာဉ်၏လက်မောင်းများအတွင်း၌
အလိုလိုက်ခံထားရသည့်ကလေးလေးအလား
ပွတ်သီးပွတ်သပ်လုပ်နေသည်မှာ,သူ၏မျက်လုံး
ထောင့်များမှတဆင့်,အမှောင်ထုထဲတွင်ပုန်းကွယ်
ကာချောင်းကြည့်နေသည့်အကြည့်များကို
သတိမထားမိခင်အထိဖြစ်သည်။

"အဲ့မှာ-" သူ၏လက်ကိုဆန့်ထုတ်ကာ
တစ်ဖက်လူနာဆောင်ရှိတံခါးကိုညွှန်းပြလိုက်သည်။

ယောင်းယီထိုအထဲထဲတွင်သူ့ကို
ပြဿနာရှာခဲ့သည့်လူအချို့
ရှိနေသည်ကိုသိရှိထားပြီး,
ထိုလူများသူ့အပေါ်ကြည့်သည့်
အကြည့်များကိုတကယ်သဘောမကျပေ။

အနက်ရောင်မြူခိုးများလွင့်ပါးသွားပြီး,
ယောင်းယီ၏မျက်လုံးများထဲတွင်
ချောမွတ်ကာအပြစ်အနာအဆာ
တစ်စက်လေးတောင်မရှိသည့်
ထိုအရိပ်မည်း၏မျက်နှာအစိတ်အပိုင်းများ
ပေါ်လာခဲ့သည်။ထိုလူ၏အကြည့်များသည်
ကြင်နာယုယစွာဖြင့်ချစ်ခြင်းမေတ္တာများ
ပြည့်လျှံနေပြီး,ဘဝတစ်လျှောက်လုံး
မေတ္တာငတ်မွတ်နေခဲ့သည့်,ယောင်းယီ,
၏နှလုံးသားကိုမယှဉ်နိုင်အောင်
နှစ်သက်ကြည်နူးစေသည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now