𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (U)

Start from the beginning
                                    

" ဟင် ပြန်အိပ်နေတာလား။ ဆက်အိတ်ပုတ်မနေနဲ့တော့။ ကိုကိုနဲ့ လျောက်လည်ကြမယ်လေ။ ထတော့ ထပါကွာ အိတ်ပုတ်လေးရယ် ..."

ဂျရယ်မိုင်ရာက ခရစ်စတိုဖာကို အတင်းလူပ်နိူးလေ၊ ခြုံစောင်အောက်က ခရစ်စတိုဖာ​၏ လက်သီးများက ပို၍တင်းကျပ်လာလေ။

" သည်းလေး ထတော့ ... ကလိ ကလိ ... "

ခရစ်စတိုဖာ အိပ်ရာမထမချင်း ဂျရယ်မိုင်ရာကလည်း အတင်းကလိထိုးနေသည်။

" အားးး တော်တော့ "

နောက်ဆုံးတွင် ခရစ်စတိုဖာက အိပ်ရာကနေအမြန်ထလိုက်ရပြီး သူအိပ်ခဲ့သည့်ခေါင်းအုံးကို အမြန်ဆွဲယူကာ ဂျရယ်မိုင်ရာ​၏မျက်နှာတည့်တည့်ကို ပစ်ပေါက်လိုက်သည်။ ဂျရယ်မိုင်ရာကတော့ ခေါင်းအုံးနှင့်ပစ်ပေါက်ခံရသည့်တိုင်အောင် အရယ်အပြုံးမပြတ်နေခဲ့ဘဲ ခရစ်စတိုဖာကိုသာ တစိမ့်စိမ့်ကြည့်နေခဲ့သည်။

" ခရစ်လေးက ချစ်ဖို့ကောင်းပြီးသား ... လိမ္မာတယ် ခစ်ခစ်"

ဂျရယ်မိုင်ရာက အသည်းယားလာပြီး ခရစ်စတိုဖာ​၏ပါးနှစ်ဖက်ကို ဖျစ်ညှစ်ဆွဲလိုက်​၏ ။

" ဒီနေ့တစ်နေ့ စိတ်မတိုဘဲ မနေပေးနိုင်ဘူးလား။ ချစ်သူများနေ့မှာ ချစ်ချစ်ခင်ခင်လေးနေချင်လို့လေ.... "

" porn star တစ်ယောက်ကို သွားငှားပြီး နေပါလား။ မင်းဘိုးအေမို့ ငါ့ကိုမှ ... "

ခရစ်စတိုဖာ​၏လေသံက ပုံမှန်ထက် ပိုမြင့်နေခဲ့ပြီး ဂျရယ်မိုင်ရာ​၏စကားလုံးများအပေါ် စိတ်တအားတ်ိုနေခဲ့သည်မှာ နားထင်သွေးရောက်သည်အထိပင်။

" အဟက် မင်းရှိနေရင်ရပြီ။
Porn Star ကလည်း မင်းပဲလုပ်လေနော် ...
အူကြူးလေး ခစ်ခစ်"

" ဒီ စ်စ်စ် ...."

ခရစ်စတိုဖာ​၏ပါးစပ်ထဲကနေ ဆဲဖို့စကားလုံးများဟာ ဆက်မထွက်လာတော့ဘဲ အပေါ်သွား နှင့်အောက်သွားထိမိလျက်၊ နောက်ဆက်တွဲက S သံသာ ဖိစွဲထွက်သွားရင်း အံကြိတ်ထားမိသည်။ ထို့နောက် သူ့ဘေးတွင်ရှိနေသည့် တွေ့ကရာ ဖက်ခေါင်းအုံးများ၊ ခေါင်းအုံးများနှင့်အတူ ဂျရယ်မိုင်ရာကို ပစ်ပေါက်သည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now