𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (U)

Start from the beginning
                                    

" အဖေ့အကြိုက်တွေတော့ သားရွေးမှာထားတာပဲ။ စားချင်တာရှိရင် ထပ်မှာပါ။ ခရစ်စတိုဖာ ... မင်းလည်းမင်းကြိုက်တာမှာလိုက်"

ဂါဗင်က ခရစ်စတိုဖာ​၏အရှေ့တွင် ချထားသောမီနူးစာအုပ်ကို လက်ညိုးထိုးပြလိုက်သည်။

" ဟုတ်ကဲ့ပါ အရှင်မင်းသား "

ခရစ်စတိုဖာက ဂါဗင်ကို ရိုကျိုးစွာ ဖြေသည်။

" ဂျွန် စားပွဲထိုးတစ်ယောက်လောက်ကို ဝင်လာခိုင်းလိုက် "

" အမိန့်တော်တိုင်းပါ အရှင်မင်းသား "

ဂါဗင်​၏တပည့်တစ်ဦးဖြစ်သူ ဂျွန်ကလည်း အခန်းပြင်မှာ စောင့်နေကြသည့်စားပွဲထိုးများကို အခန်းထဲသို့ ဝင်လာကြရန် ပြောကြားခဲ့သည်။ စားပွဲထိုးမလေးတစ်ယောက်ကလည်း ဂျွန်နှင့်အတူ ဝင်လာ​၏။

" ဒီဧည့်သည် စားပွဲတွေ မမှာရသေးဘူး "

" ဪ ... ဟုတ်ကဲ့ပါရှင်။ လူကြီးမင်းတ်ို့ ဘာများသုံးဆောင်ချင်ကြပါသလဲရှင် "

စားပွဲထိုးမလေးက သူမ​၏tabletကို ကိုင်ပြီး ယဉ်ကျေးပျူငှာစွာ မေးမြန်းလာသောအခါ ခရစ်စတိုဖာက မီနူးစာအုပ်ကို သေချာစိုက်ကြည့်နေခဲ့သည်။

" အယ် ... ဘာစားရမလဲဆိုတော့ အမဲသားနဲ့ပတ်သက်တာ ဘာတွေရလဲ"

" ဟုတ်ကဲ့ရှင့်။ အမဲသားဟင်းလျာတွေက ဒီစာမျက်နှာမှာပါရှင်"

ခရစ်စတိုဖာကိုင်ထားသောမီနူးစာအုပ်ဆီ စားပွဲထိုးမလေး၏လက်ချောင်းများက ရောက်သွားခဲ့ပြီး အမဲသားဟင်းလျာချည်းသီးသန့်ဖော်ပြထားသောစာမျက်နှာကို လှန်ပေးနေသည်။

" ဪ ... ကျေးဇူး။ ဒါဆိုရင် .... အမဲသားမြို့တော်နံရိုးကြော်၊ ပြင်သစ်စတိုင် ဝိုင်အမဲသားကင်၊ စပိန်ရိုးရာအမဲသားပေါင်း၊ ဝိုင်ကတော့ ကောင်းတဲ့ဟာချပေးပါ။ ဒီလောက်ပါပဲ"

စားပွဲထိုးမလေးက ခရစ်စတိုဖာဘက်က မှာကြားသမျှဟင်းလျာအားလုံးကို tablet အတွင်းရှိ မီနူးစာရင်းများမှ လိုက်လံရွေးချယ်နေခဲ့သည်။

" မှာယူမှုတွေကို အတည်ပြုပြီးပါပြီရှင်။ လူကြီးမင်းတို့ ဟင်းလျာတွေ စောင့်ဆိုင်းနေတုန်းမှာ  လာဗန်ဒါရေနွေးကြမ်းလေးတွေ သုံးဆောင်နိုင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင် "
စားပွဲထိုးမလေးက သူမ​၏တာဝန်အပြီးမှာ အခန်းပြင်သို့ ပြန်ထွက်သွားခဲ့သည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now