အပိုင်း - ၁၂ (U+Z)

En başından başla
                                    

လင်းခယ်အိုက် သကြားလုံးနှင့်ချောကလက်
လုံးများကို ကောက်ပြီးနောက် ငြူစူခြင်းမရှိ၊
စိတ်အနှောင့်အယှက်လည်းမဖြစ်ဘဲ ပြုံးနေ၏။

ချူရွှင်းက သကြားလုံးတစ်လုံးယူကာ ရှောင်အိုက်
အတွက် အခွံခွာပေးသည်။ ထိုသကြားလုံးကို
အခြားတစ်စုံတစ်ဦးအတွက် ရည်စူးထားကြောင်း
ရှောင်အိုက်က မေ့သွားပုံပေါ်ကာ လက်ကလေး
ဆန့်ပြီး သကြားလုံးကိုလှမ်းယူ၍ ပါးစပ်ထဲ
ထိုးထည့်လိုက်သည်။ နဂို ဝိုင်းနေသောပါးနှစ်ဖက်
မှာ သကြားလုံးငုံထားသဖြင့် ဖောင်းနေလျက်။
ဟမ်းစတားအသေးလေးသဖွယ်။

လင်းကျစ်ရှ လျှောက်လာချိန်မှာ ရှောင်အိုက်က
သကြားလုံးကို ပျော်ပျော်ရွှင်ရွှင်စားနေဆဲ
ဖြစ်သည်။ မျက်စိလျင်သော‌ချူရွှင်းက ဦးစွာ
မြင်သွားကာ ရှောင်အိုက်ကိုတစ်ချက်ပုတ်ပြီး
လင်းကျစ်ရှဆီ လက်ညှိုးထိုးပြ၏။

လင်းခယ်အိုက်က ခေါင်းငဲ့ကြည့်ကာ
ဝမ်းသာအားရ အော်ခေါ်လိုက်ပြီ။

"ပါး!"

ကလေးက အပြေးလာပြီး ဖက်ပေးပါဟု
တောင်းဆိုနေသယောင် လက်ကလေးနှစ်ဖက်
ဆန့်တန်းလိုက်၏။ လင်းကျစ်ရှ ရှောင်အိုက်ကို
ပွေ့ချီလိုက်ရာ ကလေးက ချူရွှင်းထံ
လက်ဝှေ့ယမ်းပြသည်။

"တာ့တာ ရှောင်ရွှင်း"

လင်းကျစ်ရှလည်း ပြုံးမိသွားကာ ချူရွှင်းကို
နှုတ်ဆက်သည်။ ချူရွှင်းက နည်းနည်းရှက်နေ
သလိုမျိုး လက်ဝှေ့ယမ်းပြပြီးနောက် လာကြိုမည့်
အဘွားဖြစ်သူကို ဆက်စောင့်နေတော့သည်။

လင်းခယ်အိုက်က ပြုံးဖြီးဖြီးနှင့် အဖေ့ကို
ကြည့်လိုက်သည်။

"ပါး! ဒီနေ့ မုန့်စားမယ်!"

ကလေးများက ထိုသို့သော အသင့်စားမုန့်မျိုးကို
စားရတာ ကြိုက်သည်။ အမှန်တော့ ရှောင်အိုက်
သိပ်စားလေ့မရှိသော်လည်း အခြားကလေးများ
စားနေတာကိုမြင်သောအခါ လိုက်စားချင်စိတ်
ဖြစ်လာခြင်းပင်။ နောက်ပိုင်းမှာ ကလေးက
ထိုအစားအစာကို ကြိုက်သွားကာ အချိန်တိုင်း
စားဖို့ ပူဆာတော့သည်။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Hikayelerin yaşadığı yer. Şimdi keşfedin