part 10.2
14.5K 1.2K 5
ယာရီ တစ်ယောက် စင်တာရောက်တာနဲ့
ဆံပင်အရောင်ဆိုးလိုက်ပြီး ဝယ်စရာတွေဝယ်
ကာ ပြန်ထွက်လာစဉ် ဘုန်းမင်းနေ နဲ့တွေ့
လေသည်။
"တွေ့တာတောင်မနှုတ်ဆက်ဘူးလား ကလေး"
"လို လို့လား"
"လိုတာပေါ့ ကိုယ်က မင်းအမချစ်သူလေ"
"အမ ဟုတ်လား ကျွန်တော်ကတစ်ဦးတည်း
သောသား ဘာအမ မရှိဘူး သွားလိုက်ပါအုံး
မယ်နော် "
"ခန...ဒေဝီကပြောတော့"
" စီးပွားရေးလောကမှာနာမည်ကြီးတဲ့လူက
တခြားသူစကားကိုယုံတာဘဲနော် အော် ဒါနဲ့
ခင်များ ချစ်သူကိုပြောလိုက် မကြာခင် ကျတော်
ပိုင်သမျှတစ်ခုချင်စီပြန်ယူမယ်လို့"
ထွက်သွားတဲ့ကျောပြင်ကိုကြည့်ပြီး စဉ်းစားနေမိသည်။ဒီကောင်လေးဟာသူအရင်ကချစ်ခဲ့
တဲ့ကောင်လေး ဖြစ်ပြီး နောက်ပိုင်း အမဖြစ်သူအပေါ်အနိုင်ကျင့်နှိပ်ဆက်တာတွေ ကြောင့်
ဒေဝီကိုသနားပြီး ချစ်မိခဲ့သည်။
*​ကောင်လေးပြောတာဟုတ်သားဘဲ
ငါကဘာလို့ယုံနေတာလဲ နှိပ်ဆက်ခံရ ရင်
ဘယ်ကျော့မော့နေပါ့မလဲ*
"ကို စောင့်ရတာကြာသွားလား "
"မကြာပါဘူး သွားမယ်လေ"
ဒေဝီ လက်တွဲဖို့ပြင်တော့ ဘုန်းမင်းကရှောင်
လိုက်သည်။
"ကို ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ဘူး သွားမယ်လေ"
" အင်း"
သူမ ဆိုင်တစ်ဆိုင်တွင်ဈေးဝယ်ပြီးပိုက်ဆံရှင်း
ချိန်၌...
"အမ ဒီကဒ်ကပိတ်ထားပါတယ်"
"ဘာ မဖြစ်နိုင်တာ "
"ဟုတ်ပါတယ် ပိတ်ထားတာသေချာတယ်"
"ကျစ် ရော့ ဒါသုံး"
"ဟိုလေ ဒါလဲပိတ်ထားတယ် "
ထိုချိန် သူမရဲ့ဖုန်းဝင်လာတာကြောင့်
ကြည့်လိုက်တော့ ဒိုင်ယညရီဖြစ်နေသည်။
"ဟယ်လို ဒေဝီ ဘယ်လိုလဲ စိမ့်ရဲ့လား"
"နင်...ဒိုင်ယာရီ နင်ပိတ်လိုက်တာမလား"