part9.6
14.6K 1.2K 9
နောက်တစ်နေ့မှာဘဲ မေသခင်တစ်ယောက်
မုန်းရန်ခက်ရဲ့အလုပ်စီသို့ ထွက်လာခဲ့လိုက်
သည်။
"ကိုမုန်းရှိလား"
"ရှင်... အာ သူဌေးကိုလား ရှိပါတယ်ရှင့် ကြိုချိန်းထားလားမသိဘူး"
"လျာရှည်လိုက်တာ ငါကသူ့မိတ်ဆွေဘဲ ရှိ
တယ်မလား ငါသွားပြီ"
"ခ .. ခန.. "
ကောင်မလေးပြောတာနားမထောင်ဘဲ အပေါ်တက်ခဲ့လိုက်သည်။အပေါ်ရောက်တော့အခန်း
ပြင်မှာအတွင်းရေးမှူနဲ့ထပ်တွေ့သည်။
"ကိုမုန်းရှိတယ်မလား"
"ဘယ်သူလဲ မသိဘူး"
"လာပြန်ပြီး တစ်ချိန်ကျသက်ဆိုင်မယ့်လူဘဲ
ဖယ်စမ်း"
မေသခင် တံခါးဖွင့်ဝင်လိုက်သည်။
"ကိုမုန်း"
"မင်းကဘာလာလုပ်တာလဲ ဘယ်သူဝင်ခွင့်ပေးလိုက်တာလဲ"
"ကိုမုန်း ကလဲ မေကတစ်ချိန်သက်ဆိုင်သူ
ဖြစ်လာမှာဘဲဟာ "
"သွားစမ်း အရှက်ကိုမရှိဘူး "
တစ်ဖက်တွင် ရွက်စိမ်း မီးပွိုင့်မိနေစဉ်
(Host ရေ ဇာတ်လိုက်မက hostလင်
စီရောက်နေတယ်)
(ဘာာ ... သူကဘာလာလုပ်တာလဲ)
(မြူစွမ်း လာတိုက်တာ လူတစ်ချို့ကလဲ သူပြောသလို သက်ဆိုင်သူလို့ထင်နေကြတယ်)
(တွေ့ကြသေးတာပေါ့ မီးပွိုင့်လဲ လိ့လိုဘဲ )
မီးလဲစိမ်းရော ရွက်စိမ်းမိုင်ကုန်မောင်းတော့
သည်။ ရုံးရောက်တာနဲ့ ချိုင့်ဆွဲကာ မျက်နှာရှစ်
ခေါက်ချိုးနဲ့ဝင်လာသည်။
*အဲ သူဌေးကောင်လေးလာပြီး ခုနကလဲ မိန်းကလေးတစ်ယောက် သူဌေးအခန်းထဲဝင်သွားတယ်*
*​အေ့လေ ဘာတွေဖြစ်ကြမလဲမသိဘူး*
ရွက်စိမ်း ကြားပေမယ့်မသိချင်ယောင်ဆောင်
ကာ သူဆက်သွားမလို့ပြင်ချိန် ​မေသခင်
ရောက်ချလာသည်။
"အို..ရွက်စိမ်း ကိုမုန်းတွက်ထမင်းလာပို့တာလား အဟင်း"
"သေချာတာပေါ့ ငါ့ယောကျာ်းက အိမ်စာ ဘဲစားတယ် အပြင်စာတွေကရွံဖို့ကောင်းလို့လေ ဥပမာ နင့်လိုပေါ့"