part 10.1
15.1K 1.2K 1
ထမင်းစားနေစဉ်တစ်လျောက်လုံး ဒိုင်ယာရီ
တစ်​ယောက် ခေါင်းမော့မလာခဲ့ပေ။
"ငါစားပြီးပြီး"
ယာရီ တစ်​ယောက် ထမင်းစားခန်းထဲက
ထွက်လာလိုက်သည်။ဘုန်းမင်း ထမင်းစားခန်းထဲကထွက်သွားတဲ့ကျောပြင်ကိုကြည့်ပြီး
ရင်ဘက်ထဲကအောင့်လာသည်
"အ"
"ကို ဘာဖြစ်တာလဲ "
"ရတယ် ကိုယ်ပြန်တော့မယ် နောက်မှတွေ့ကြတာပေါ့"
"ဟုတ်ကဲ့ ကောင်းကောင်းပြန်နော် "
သူ မက ကားနားထိလိုက်ပို့ပေးပြီး ဘုန်းမင်းရဲ့ ပါးလေးကို နမ်းလိုက်သည်။ အိမ်ပေါ်ထပ်က
ကြည့်နေတဲ့ကောင်လေးကတော့ လက်သီး
ကျစ်နေအောင်ဆုတ်ထားကာ...
(System ဇာတ်ကြောင်းပေး)
(ဟုတ် ဂလု)
ဇာတ်ကြောင်းတွင် ဇာတ်လိုက်က ဘုန်းမင်းနေ
ဖြစ်ပြီး အရမ်းချမ်းသာကာ ရက်စက်တဲ့
လူတစ်ဦးဖြစ်သည်။ ဇာတ်လိုက်မက ဒေဝီ
ဖြစ်ပြီး ဇာတ်လိုက်နဲ့လုပ်ငန်းပူးပေါင်းရာက
ရင်းနှီးကာချစ်သွားကြခြင်းဖြစ်သည်။ ရင်းနှီးရတဲ့အကြောင်းကတော့ ဇာတ်လိုက်ဟာ ဒိုင်ယာရီ
ကို ကူညီပေးရာကနေ ချစ်မိသွားတာကြောင့်
မောင်လိုချင်လို့ အမကိုကပ်ရန်စည်းပွားရေးအရ
ချဉ်းကပ်ရာမှ ဇာတ်လိုက်မက ကြားထဲကနေ သူ့မောင်မကောင်းကြောင်းတွေပြော သွေးထိုးကာဖြတ်လုခဲ့သည်။
သူဝင်ထားတဲ့ကိုယ်ကတော့ ဇာတ်လိုက်ကို
မြင်မြင်ချင်းချစ်မိတဲ့ကောင်လေး ဒိုင်ယာရီဖြစ်
သည်။ ဒေဝီနဲ့ယာရီဟာမောင်နှမအရင်း
မဟုတ်ကြပေ။ ဒေဝီမိဘတွေသေဆုံးချိန်
တွင် ဒိုင်ယာရီရဲ့ ​ဖေဖေက သူမအား မွေးစားထားပြီး အဖေသေဆုံးချိန်တွင် ဒေဝီကပိုင်
ဆိုင်မှူတွေလက်ဝါးကြီးအုပ်ကာ အပိုင်စီးခဲ့
တာကြောင့် ဒိုင်ယာရီကသူ့ဝမ်းစာသူရှာစားခဲ့ရ
သည်။ ဒါတွေကြောင့်ဘဲဇာတ်လိုက်နဲ့မတော်
တစဆုံစည်းခဲ့ခြင်းဖြစ်သည်။သူဟာ ​သေဆုံးတာတောင်သူမသိလိုက်ပေ။အကြောင်းရင်း
ကတော့ အိပ်နေချိန် ဆေးထိုးခံရပြီးသေ
သွားတာကြောင့်ဖြစ်သည်။
(အစထဲက မောင်က ငါ့ကိုချစ်နေတာဘဲ
ဟိုမိန်းမသာမဝင်ရင် ဘာမှမဖြစ်ဘူး)