part5.1
17.8K 1.4K 8
(မာအိုလို့သုံးပါမယ် နော်)
မာအိုမနက်နိုးတော့ စံအိမ်ကိုသူထွက်လာ
လိုက်သည်။
* အဟက် နင်တို့လုပ်တဲ့ပုံစံတိုင်းရှေ့တစ်မျိုး
ကွယ်ရာတစ်မျိုးငါလုပ်ပြမယ် *
"မာအို ခုထိမနက်စာမလုပ်ရသေးဘူးလား သေချင်းဆိုးလေး "
မာအိုရဲ့အဒေါ်က ဆဲရေးကာပြောဆိုသည်။
မာအိုခပ်တည်တည်ဧည့်ခန်းထဲက ထိပ်ဆုံးခုံ
ပေါ်ခြေ ချိတ်ထိုင် လိုက်သည်
"တောက်ခွေးကောင်လေး သခင်လိုနေမနေနဲ့ ကျွန်ကကျွန်လိုနေစမ်း "
(System ငါရှေ့ကအဖွားကြီးကိုပါးပိတ်
ရိုက်လို့ရလား)
(ရပါတယ် host)
(ခုတော့မရိုက်သေးဘူးအကြွေးမှတ်ထားမယ်)
"မေမေ ဘာဖြစ်နေတာလဲ မနက်စာလဲမပြင်
ရသေးဘူး ခုထိ "
ဟန်နာ ပါဧည့်ခန်းထဲဝင်လာသည် မာအို
ကိုတွေ့မှ ...
"ဟဲ့ကောင် နင်ဘာလုပ်နေတာလဲ ငါ့ကျောင်း
ဝတ်စုံမီးပူတိုက်ပေးစမ်း"
"နင့်မှာလက်မပါဘူးလား"
"ဘာ အခိုင်းစေကများ"
"ဟေ့ စကားကိုကြည့်ပြော ခု နင်တို့ကငါ့အိမ်မှာတက်နေနေတာ အိမ်ပေါ်ကခေါင်းနဲ့မဆင်းချင်
ရင် ပါးစပ်ပိတ် အလုပ်သမားတွေလာစမ်း"
" ဘာ...ဘာပြောလိုက်တယ်"
အလုပ်သမားတွေက မာအိုအသံကြောင့်
အပြေးရောက်လာကြသည်။
"ငါ့ပစ္စည်းတွေယူပြီးအပေါ်ထပ်အခန်းပြင်ထား
ပေး အရင်အခန်းဘဲ ခုချိန်ကစပြီး ငါကဒီ
အိမ်ရဲ့သခင် ရုတ်ရုတ် လုပ်ရင် ခေါင်းနဲ့ဆင်း
ရမယ်မှတ်ထား ကြားလား "
" နင်...နင်"
မာအို ပြောပြီးတာနဲ့ ကျောင်းသွားရန်ပြင်ပြီး ကားသော့အားလုံး မီးခံသေတ္တာသော့အပါ
အဝင်အားလုံးသိမ်းလိုက်ပြီး ကျောင်းသို့စက်ဘီးနဲ့ထွက်လာလိုက်သည်။ကျန်ခဲ့တဲ့ဟန်နာတို့သားအမိ အသားတုန်အောင်ဒေါသထွက်
ကျန်ခဲ့သည်။
(Host စောက်ရမ်းမိုက်တယ် ဟိုသားမိမျက်နှာ ခွီး)
(ငါဘဲလေ ဟဟ)