part9.5
14.9K 1.2K 7
မုန်းရန်ခက် တစ်ယောက် ကလေးစီလာတဲ့ချိန်
ကန်တင်းမှာလူအုံနေတာကြောင့်လှမ်းကြည့်
တော့ သူ့ကလေးကိုရိုက်ဖို့လက်ရွယ်နေတဲ့မိန်းကလေးတစ်ယောက်ကြောင့် ချက်ချင်းသွားပြီး
သူမလက်အား ဖမ်းဆွဲထားလိုက်သည်။
မေသခင် ကတော့ သူ့လက်ဆွဲထားတဲ့လူကို
ကြည့်ပြီး...
"ကိုမုန်းရန်ခက် မလား မေ့ကိုမှတ်မိလားဟင်"
(System ဒီယောက်ချိုမနဲ့ငါ့လင်ကသိနေတာလား)
(ငယ်ငယ်တုန်းကတစ်ခါဘဲတွေ့ဖူးပါတယ်)
(အော် ဒါဆို ဟိုကောင်မကဘာလို့ သိကျွမ်းသလိုလုပ်နေတာလဲ)
(Host လင်ကိုလိုချင်လို့နေမှာပေါ့)
"မသိဘူး ငါကအရေးမပါတာတွေမှတ်မထားဘူး"
"မေ လေ ငယ်ငယ်ကတွေ့ဖူးကြတယ်လေ
မမှတ်မိဘူးလား"
"ကျစ် မသိဘူး ဘာတွေလာပြောနေတာလဲ "
"ဟင့်"
*ဒီဖလမကလဲ အရည်ပေါနေတယ်*
"ကလေး ဘာဖြစ်နေကြတာလဲ ခုက "
"အော် ဒီလိုလေ..."
ရွက်စိမ်းစကားမဆုံးခင် မေသခင်က...
"ကို မုန်း အဲ့ကောင်ပေါ့ မေ့ကိုစော်ကားပြောနေတာ မေ့ရည်းစားကိုလဲစနိုက်ကျော်သေးတယ် ဟင့် "
ဘေးကကြည့်နေတဲ့လူတွေက မဲရွဲ့ကာ....
*ဘယ်လိုတောင်လဲဟ ချွဲပြစ်နေတာဘဲ စောနကလေသံတစ်မျိုး *
*​အေ့နော် တကယ့်အကယ်ဒမီ ရှော့ဘဲ*
* ရွံဖို့ကောင်းတယ်ဟယ် အစစ် မက *
"ဘာတွေလာပြောနေတာလဲ ကလေးက ငါ့
ချစ်သူ ငါ့ခင်ပွန်းလောင်း"
"ဟင်..... ဟင့် ကိုမုန်း သူက ကိုမုန်းနောက်
ကွယ်မှာ ကိုသူနဲ့တွဲဖို့လုပ်နေတာ ကိုမုန်း သူနဲ့
ဖျက်လိုက်ပါလားဟင် မေ နဲ့တွဲကြမယ်လေ မေနဲ့ဆိုနေ နဲ့လရွှေနဲ့မြဘဲ "
(ဘာဖြစ်တယ်😱 system သူဘာတွေပြောနေတာလဲ)
(ဟီး စစ်စစ် သူ့စိတ်ရင်းမှန်ပြောအောင် ဆေးဖြူးလိုက်တာ)
(ငါ့ ငါ့ pointလေးတွေ...)
(အလကားပါ host စစ်စစ် အမြင်ကပ်လို့
လုပ်ပေးထားတာ)