တစ်ဖက်လူရဲ့ ပြန်ဖြေသံအဆုံးမှာ ယွီချန်လည်း ဝရံတာလက်ရမ်းကိုသာ ဆုပ်ကိုင်ထားပြီး သက်ပြင်းတို့အထပ်ထပ်ချမိတော့တယ်။

"အင်းပါ။ မင်းအဆင်ပြေတယ်ဆိုလည်း ပြီးတာပါပဲ။ မင်းလည်းကျန်းမာရေးဂရုစိုက်ဦး။ အသံနားထောင်ရတာ အားမရှိဘူး။ ရိပေါ်ကိုတော့ အရမ်းကြီးစိတ်မပူနဲ့။ သူကမင်းထက်စာရင် အများကြီးကျန်းမာသေးတယ်။"

ယွီချန်ကောစကားအဆုံး တစ်ဖက်လူထံက ရယ်သံခပ်လွင်လွင်လေးထွက်လာတယ်။ ယွီချန်လည်း အသာလိုက်ပြုံးမိတယ်။

"တစ်နေ့နေ့တော့ မင်းစေတနာတွေ သူနားလည်လာလောက်မှာပါ။"

တစ်ဖက်လူဖုန်းချသွားတဲ့အချိန် ယွီချန်တစ်ယောက် လေပူတို့သာ မှုတ်ထုတ်မိတယ်။ ရွှမ်လုကတော့ ယွီချန်ရဲ့လက်တစ်ဖက်ကိုအသာဆုပ်ကိုင်ရင်း အားပေးတဲ့အနေနဲ့ ခေါင်းလေးညိတ်ပြလာတယ်။ ယွီချန်လည်း ရွှမ်လုရဲ့လက်ပေါ် ပြန်အုပ်ကိုင်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်တယ်။ ထို့နောက်မှာ ရွှမ်လုကို ရင်ခွင်ထဲထည့်လို့ ညည်းညူသလို စကားဆိုမိတယ်။

"တစ်ဖက်သတ်အချစ်တွေက ပူလောင်လွန်းတယ် ချစ်ရယ်။"

ရွှမ်လုကတော့ ယွီချန်ရဲ့ရင်ခွင်ထဲ ခေါင်းတိုးဝင်ရင်း စကားပြန်ဆိုမိတယ်။

"သူ့ဘက်က မေတ္တာစစ်မှန်ရင် ရိပေါ်လည်း တစ်နေ့တော့ နားလည်လက်ခံသွားမှာပါ။"

"မျှော်လင့်ရတာပါပဲလေ။"

ယွီချန်လည်း စိတ်ထဲကနေ တောင်းဆုပြုမိပါရဲ့။ ချစ်သောသူများ ဆုံစည်းရပါစေလို့။

-------------------------------------

"မင်းသားလီယွမ်ပြန်ဖော်နေတဲ့အမှုကတော့ ထူးနေပြီမင်းသားရေ။"

ရိုက်ကူးရေးအားလုံးအပြီး အိမ်ပြန်ဖို့ရာအတွက် ကားနောက်ခန်းထဲ မျက်လုံးမှိတ်အနားယူနေချိန် မန်နေဂျာထံကထွက်လာတဲ့စကားသံကြောင့် ကားရှေ့ခန်း ဒရိုက်ဘာဘေးနားထိုင်စီးနေတဲ့မန်နေဂျာကို လှမ်းကြည့်လိုက်မိတယ်။ မန်နေဂျာကလည်း ရိပေါ်လှမ်းကြည့်လာတာကိုမြင်တာနဲ့ စကားတန်းဆက်တယ်။

PSYCHO FRIEND (Season-2)Where stories live. Discover now