ယောင်းယီတွင်လည်းထိုကဲ့သို့သော
အကြောက်တရားမျိုးကိုခံစားဖူးသည့်
အတွက်အခုသူနားထောင်လိုက်ရသည့်
အခါအနည်းငယ်ကိုယ်ချင်းစာမိသွားတော့သည်။
သူ၏အမူအရာသည်လည်းပျော့ပြောင်းသွားပြီး,
ထိုလူများကိုပြောပြလိုက်သည်။

""ဒီနေရာက Renai ဆေးရုံပါ။
ကျွန်တော်ကဟိုနားမှာရှိတဲ့ဓာတ်လှေကားကို
အသုံးပြုပြီးပထမလွှာဆီကိုဆင်းဖို့လုပ်နေတာ။
တကယ်လို့အဆင်ပြေတယ်ဆိုခင်များတို့
အားလုံးကျွန်တော်နဲ့လိုက်ခဲ့ကြပါလား,
အဲ့တော့မှကျွန်တော်တို့ဒီမှာဘာတွေ
ဖြစ်နေလဲဆိုတာပိုပြီးအသေးစိတ်
ကျကျဆွေးနွေးပြောပြလို့ရတာပေါ့,
မဟုတ်ဘူးလား?""

တကယ်လို့ယခုအုပ်စုသာသူနှင့်
မလိုက်ဖူးဆိုလျှင်လည်းသူအနေနဲ့
လမ်းကြောင်းကိုကွေ့ပတ်ပြီးသွားရတာပေါ့။

“Renai ဆေးရုံ?!?!”

ယောင်းယီအခုလေးတင်မှပြောပြပြီးရုံရှိသေး,
သူ၏အရှေ့တွင်ရှိနေသောအုပ်စုသည်
တညီတညွတ်တည်းပြိုင်တူအသံကုန်
မြှင့်ပြီးအော်ပြောလာကြသည်မှာ,သူကိုတောင်
ဒေါသကြောင့်နှုတ်မှအလိုအလျောက်
ထိတ်လန့်တကြားဆဲရေးတိုင်းထွာသည့်
အသံထွက်ပေါ်လာစေသည်။အခုလို
ကျယ်လောင်စွာအော်ဟစ်ပြောဆိုခြင်းသည်
ယခုဆေးရုံကြီး၏နေရာတိုင်းလိုလိုတွင်
ပုန်းကွယ်နေသည့်အန္တာရာယ်များစွာကို,
ဖိတ်ခေါ်လိုက်သလိုဖြစ်နေပြီး,သူတို့အခု
ဘယ်နေရာတွင်ရောက်ရှိနေသလဲဆိုတာကို
သရဲတွေရှာတွေ့သွားမှာကို
မကြောက်ကြဘူးလား?!

အခုလိုတိတိကျကျအချိန်ကာလ၌,
ထူးဆန်းစွာဝတ်ဆင်ထားသည့်
အပျော်တမ်းသဘာဝလွန်
ရှာဖွေရေးသမားအုပ်စုသည်
ဘာမှတတ်နိုင်တော့ပေ။သူတို့အကုန်လုံး
ခေါင်းအစခြေအဆုံးတောင်ခဲသွားကြသည်မှာ
သူတို့ရပ်နေသည့်နေရာတည့်တည့်သို့
မိုးကြိုးအတောင့်လိုက်
အပစ်ချခံလိုက်ရသည့်အလား။

""ဒီ...ဒီနေရာက... မီးလောင်မှုအကြီးအကျယ်ဖြစ်ပြီး
ပြာကျသွားတဲ့ Renai ဆေးရုံလား? ဘ-ဘရားသား,ခင်များအဲ့လိုကြီးတော့လူတွေကိုမခြောက်ရဘူးလေ အာ...""

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now