"ကိုနှောင်း..ဘာဖြစ်နေတာလဲ..."

"ဘာမှမဖြစ်ပါဘူး...ဒီတိုင်းဘဲလေ.."

"ကိုနှောင်း..တစ်ခုခုဖြစ်နေတယ်မလား..သေချာပါတယ်..ကိုနှောင်းဘာဖြစ်နေတာလဲ..."

"ဘာမှမဖြစ်ပါဘူးကွာ..."

"ဘာဖြစ်လိုလဲဟင်...အသွင်ပြောတဲ့ထဲအမှားပါသွားလို့လား..."

"မပါပါဘူး....ဘာမှမဖြစ်ဘူး"

"အဲ့ဆို...မျက်နှာက..ဘာဖြစ်နေတာလဲ..သူဘဲမျောက်မှိုင် မှိုင်နေပြီနေနေပြီးတော့"

"ဝမ်းနည်းနေတာ..."

နှောင်းလဲအသွင်နဲ့မျက်နှာချင်ဆိုင်ပြန်ထိုင်လိုက်ပြီး မျက်လုံးချင်းဆုံပြီးပြန်ပြောလိုက်သည်။

"ဘာကို...အသဲကွဲနေတာလား...ကိုနှောင်းမှာရည်းစားရှိတာလဲမကြားမိပါဘူး.."

"အသဲကွဲမှဝမ်းနည်းရမှာလား...ဟင်.."

"ဟမ်...ဘာတွေပြောနေတာလဲ..နားမလည်ဘူး.."

"ဟို...ကိုယ်တစ်ယောက်ထဲဘွဲ့ယူမယ်ဆိုရင်လဲလာမှာလား.."

"ဟင်...လာမှာဘဲလေ..ဘာဖြစ်လို့လဲ"

အသွင်လဲအနည်းငယ်တော့ကြောင်သွား ခဏနေမှပြန်ဖြေလိုက်သည်။

"ဘာမဖြစ်ဘူး...ရေခဲမုန့်သွားစားမယ်လာ.."

နှောင်းလဲ သိချင်တာကိုသိလိုက်ရတော့ စိတ်ကပေါ့သွားသည်။အသွင်ဆက်မေးမှာမို့ စကားလမ်းကြောင်းသာလွှဲလိုက်က်သည်။

"အမ်...အင်.."

​နှစ်ယောက်သား ရေခဲ့မုန့်ဆိုင်ဆီကိုသွားလိုက်သည်။

"အမ...ရေခဲ့မုန့်သုံးခွက်...chocolateနှစ်ခွက်နဲ့lemonတစ်ခွက်.."

"ခဏစောင့်ပေးပါနော်.."

နှစ်ယောက်သား ဆိုင်ကအမခေါင်းသာငြိမ့်ပြလိုက်သည်။ခဏကြာတော့

"ရပြီးရှင့်..."

"ဘယ်လောက်လဲဗျ.."

"3000ပါရှင့်.."

ထို့နောက် နှစ်ယောက်သားအရင်ကထိုင်ခုံဆီသာပြန်လာလိုက်သည်။နှစ်ယောက်သားစားနေရင်း

မုသားဖြင့်လှည့်စား၍Where stories live. Discover now