အပိုင်း ( ၆၁ ) ( Zawgyi )

Start bij het begin
                                    

သို့သော် မြတ်သူရဲ့မျက်နှာကတော့ ဒေါသအရှိန်ကြောင့် ရန်လိုမှုအပြည့်ဖြင့် ခက်ထန်တင်းမာနေလျက် ... ။

ထိုအခါ ဘယ်လိုမှဘေးထွက်ရပ်ကြည့်မနေသာတော့သည့် နောင်ခန့်က သူတို့နှစ်ယောက်၏မီးလိုဟုန်းဟုန်းတောက်နေသော ပဋိပက္ခကြားထဲ ဝင်ရောက်လာပြီး မြတ်သူရဲ့လက်ကို လှမ်းဆွဲကာ ပြေရာပြေကြောင်းဝင်ဖြန့်ဖြေသည်။ 

“ မြတ်သူ တော်တော့ ! ဒီကောင်လေးကို မင်း တစ်ချက်ထိုးပြီးပြီပဲ ”

သို့‌ပေမဲ့ ဒေါသထွက်လွန်း၍ မျက်နှာကြီးနီရဲနေသော မြတ်သူကမူ နောင်ခန့်၏အပြောကို သဘောတူဟန်မပြဘဲ

“ ဒါပေမဲ့ နောင်ခန့် မင်းလည်း ခုနက ကြားတယ်မလား ! ဒီကောင် လေးဆက်အပေါ် ဘယ်လိုအချိုးမျိုး ချိုးသွားလဲဆိုတာကို ! ”

“ ငါ ကြားတယ် မြတ်သူ ”

“ အဲဒါတောင်မှ မင်းက သူ့ဘက်က ကာပေးရဲသေးတယ် ! ”

ယခုအချိန်၌ ဒေါသစိတ်မွှန်ထူနေသော မြတ်သူက နောင်ခန့်အပါအဝင် မည်သူတစ်ဦးတစ်‌ယောက်၏စကားကိုမှ လက်မခံနိုင်ဖွယ်ရှိနေသည်မို့ နောင်ခန့်လည်း မြတ်သူ၏ပခုံးကို ခပ်ဖွဖွပုတ်၍

“ မြတ်သူ ! မင်း နည်းနည်းလောက်စိတ်လျှော့စမ်း ! မင်းတို့ ဒီလိုဖြစ်နေတာကို လေးဆက် သိရင်လည်း စိတ်ကောင်းမှာမဟုတ်ဘူး ! လေးဆက်က ဒီကောင်လေးကို ဘယ်လောက်ထိချစ်လဲဆိုတာ မင်း အသိဆုံးပဲ ! ”

လေးဆက်နာမည်ပါလာတော့ မြတ်သူ၏လှုပ်ရှားမှုအားလုံးက နည်းနည်းအရှိန်တန့်သွား၏။ ဤအခြင်းအရာကို ကြည့်ခြင်းဖြင့် မြတ်သူသည် သူငယ်ချင်းဖြစ်သူ လေးဆက်ရိပ်သွင်အပေါ် မည်မျှအထိ ဂရုစိုက်စောင့်ရှောက်ကြောင်း အထင်အရှားသိနိုင်ပေသည်။

မြတ်သူက နောင်ခန့်ကို ဆတ်ခနဲလှည့်ကြည့်လိုက်ပြီး မခံမရပ်နိုင်သောအသံဖြင့် အော်ဟစ်ပြောဆိုလာသည်။

“ အဲဒါကြောင့်မို့ ငါ ပိုဒေါသထွက်နေတာပေါ့ နောင်ခန့် ! လေးဆက်က ဒီကောင့်ကို ဘယ်အတိုင်းအတာထိ ချစ်နေမှန်း ငါ အသိဆုံးမို့လို့ ငါ ဒီလောက်ထိဒေါသထွက်နေတာ ! ”

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Waar verhalen tot leven komen. Ontdek het nu