“Wu—wu—”[1]

[1] ရှိုက်သံ/
ငိုကြွေးရာမှထွက်ပေါ်လာသည့်အသံများ

ယောင်းယီသူ၏မျက်လုံးများကို
ကျယ်အောင်ချဲ့ပြီးကြမ်းပြင်ကို
စိုက်ကြည့်နေခဲ့သည်။သူ၏မျက်ဝန်းများ၏
အနားသတ်များသည်
အဘယ့်ကြောင့်နီရဲနေခဲ့သလဲဆိုတာကို
ယောင်းယီမသိပေ။ထို့အပြင် မျက်ဝန်းထဲမှမျက်ရည်များသည်လည်း
ထိန်းမရနိုင်တော့သည့်အဆုံး
အဆက်မပြတ်စီးကျလာပြီး
မျက်နှာတစ်ပြင်လုံးရွှဲရွှဲစိုသွားတော့သည်။

မမျှတဘူးဟုခံစားရသောခံစားချက်များနှင့်
အတူရေရေရာရာမရှိသည့်ထိတ်လန့်
ကြောက်ရွံမှုများသည်သူ၏
အနက်ရှိုင်းဆုံးသော
နှလုံးသားအောက်ခြေထဲမှ
လှိုင်တက်လာပြီး,ယောင်းယီကို
ပထမဆုံးအကြိမ်,ကျယ်လောင်စွာ
စွဲစွဲငင်ငင်အော်ငိုမိစေသည်။

""ယုတ်မာရက်စက်တဲ့ကောင်....အန်းလင်...ခင်များကတကယ့်ကိုအယုတ်တမာကောင်ဘဲ!""

ယောင်းယီဖျော့တော့စွာငိုရှိုက်ရင်း,
သူ၏နှလုံးသားထဲ၌
ထကြွသောင်းကျန်းနေသည့်
မွန်းကြပ်လှသောစိတ်ခံစားချက်များကို
နှိမ်နင်းဖို့ရန်ကြိုးစားလိုက်သည်။
သူ၏မျက်နှာပေါ်မှမျက်ရည်များစွာကို
လက်မြောက်ပြီးပွတ်သုတ်လိုက်ပါသော်လည်း,
သူ၏မျက်နှာပေါ်မှတစ်စွန်းတစ်စ
ကျန်ရှိနေသည့်စိတ်အားငယ်များမှုကိုတော့
လုံးဝပျောက်ကွယ်သွားအောင်
မဖျောက်ဖျက်နိုင်ခဲ့ပေ။

အန်းလင်သူ့ကိုကြိုက်နေတယ်လို့ပြောခဲ့တာ
မဟုတ်ဘူးလား?

သူသေသွားပြီးတဲ့နောက်ဘာလို့အရာအားလုံးပြောင်းလဲသွားခဲ့တာလဲ?

ယောင်းယီ၏ခေါင်းထဲမှ
ထိုအတွေးနှစ်ခုသည်အတူတကွ
ရောထွေးသွားပြီးချည်ဘောလုံး
ပမာရှုပ်ထွေးသွားတော့သည်။
သူမတတ်နိုင်စွာဘဲကုပ်ကုပ်ကလေး
ဆောင့်ကြောင့်ထိုင်ရင်း,ရှိုက်သံများကို
ချုပ်ထိန်းရင်းလေကိုရသလောက်
ပင့်သက်ရှိုက်ရှုနေခဲ့သည်။

သူတကယ်တစ်ကိုယ်ကောင်းဆန်ပြီး
အရှက်မရှိခဲ့ဖူးဆိုတာကိုဝန်ခံပါတယ်,
သူလုပ်မိခဲ့တဲ့အပြစ်တွေကိုလည်း
ခွင့်လွှတ်လို့မရဘူးဆိုတာကိုသူသိပါတယ်,
ဒါပေမဲ့လည်းသူအသက်ရှင်ချင်ခဲ့ရုံပါ,
အန်းလင်အခုလိုမျိုးကြီးရုတ်တရပ်
သေသွားမယ်လို့သူတကယ်မတွေးမိခဲ့တာပါ....

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now