မဟာ တို့ လမ်းတစ်ဝက်လောက်ရောက်တော့ ခဏ နားကြဖို့ သော် က ဆိုင် တစ်ဆိုင်မှာရပ်လိုက်သည် ။ ဂျစ်တူးကို ကြည့်ရတာ မျက်နှာမကောင်း တစ်ခုခုကို သိနေလို့လား ပင်ပန်းနေ၍လား မသိ ။
" ဂျစ်တူးရေ ပင်ပန်းနေပြီလား "
" ဟင့်အင်း မပင်ပန်းပါဘူး "
" အင်းအင်း ကိုယ် သန့်စင်ခန်းသွားမလို့ လိုက်ဦးမလား "
" မလိုက်တော့ဘူး "
" အင်းပါ ကိုယ်ပြန်လာမယ် ခဏစောင့်နော် "
" ဟုတ် "
ဆိုင်အနောက်ဖက်ထဲကို မဟာ ဝင်သွားတော့မှ ဆိုင်ထောင့်စွန်းမှာထိုင်နေတဲ့ လူ ၃ ယောက်ကို သော် မျက်ရိပ်ပြလိုက်တော့ ခေါင်းညိမ့်ကာ ဆိုင်နောက်ဖက်ထဲ ဝင်သွားကြသည် ။
" အထွန်း ဘာစားမလဲ တစ်ခုခုစားပါလား "
" တော်ပြီဗျ ကျုပ် မဆာလို့ "
" တစ်ခုခုစားမှပေါ့ အကြာကြီးနေရဦးမှာကို "
" အကြာကြီး "
" ဪ ကားစီးတာကိုပြောတာပါ "
" တော်ပါပြီ မစားချင်ဘူး "
" ဟုတ်ပါပြီ "
ဆိုင်အနောက်ဖက်ကိုလှမ်းမျှော်ကြည့်နေတဲ့ အထွန်း မျက်လုံးတွေ ရုတ်တရက် အမှောင်အတိ ။
" ငါ ဒီကိစ္စနဲ့ပက်သက်ပြီး မင်းကို မတောင်းပန်ဘူး မဟာ "
ရုတ်တရက်နာသွားတဲ့ လက်ဝါးဇောင်းကို ကြည့်ပြီး သော် ရေရွတ်မိသည် ။ သော် အတ္တကြီးတာလား မိုက်ရိုင်းတာလား ယုတ်မာတာလား သစ္စာဖောက်တာလား မဟုတ်ဘူး ချစ်တတ်တာ ပါ ။
" ငါ့ကိုလွှတ် အခုလွှတ်စမ်း "
မဟာ အသားကုန်အော်နေသော်လဲ ချုပ်ထားတဲ့ကြိုးတွေပြေလျော့မသွားသလို ဘေးက လူ ဆယ်ယောက်လောက်ကလဲ မကြားချင်ယောင် ဆောင်နေသည် ။
" ဟေ့ကောင်တွေ ငါ့ကိုအခုလွှတ်ပေးစမ်း ကြားလား "
ခုံပေါ်ကနေ ရုန်းကန်နေသော်လည်း ဘာမှထူးမလား ။ အရေးကြီးသည်က ဂျစ်တူး ။ ဂျစ်တူးစိတ်ပူနေလောက်တယ် ။ လူကတော့ သော် နဲ့အတူရှိနေတာဆိုတော့ စိတ်ပူစရာမလိုဘူး ။
အပိုင်း ၂၈ / အပိုင္း ၂၈
Start from the beginning