သူ၏မျက်နှာပေါ်ရှိအကြောက်တရားသည်
ပိုမိုဆိုးရွားလာခဲ့သည်။အရင်ရက်တွေများစွာ
ကတည်းကသဘာဝလွန်ဖြစ်ရပ်များ၏
နှိပ်စက်မှုဒဏ်များကြောင့်အလွန်
စိတ်ဒဏ်ရာရနေခဲ့ပြီးသားဖြစ်ပြီး
သူအနေဖြင့်ဆက်လက်တောင့်ခံထား
ဖို့ရာမဖြစ်နိုင်တော့ပေ။

""အန်းလင်,ကျွန်တော့်ကိုသွားခွင့်ပေးပါတော့,
ဟုတ်ပြီလား? ကျွန်တော့်ကိုသွားခွင့်ပေးပါ.....""

သူ၏ခံယူချက်သည်သန်မာသော်လည်း
ယောင်းယီသူ၏အသံများသည်အလွန်
တုန်ယင်နေခဲ့သည်ကိုပြောနိုင်သည်။
ထိုတုန်ယင်နေသည့်အသံဖြင့်
အန်းလင်၏နာမည်ကိုကြွေးကြော်ရင်း
သူ့ကိုလွှတ်ပေးဖို့ရန်တောင်းပန်နေခဲ့တာဖြစ်သည်။

ခဲမှန်ဖူးသည်စာသူငယ်လို[1]မျိုးသူခြေလှမ်း
တစ်လှမ်းစီလှမ်းလိုက်တိုင်းသူ၏
ပတ်ပတ်လည်နေရာတိုင်းကိုကြည့်ရှုခဲ့သည်။

[1] အတိတ်၌ကြုံတွေ့ခဲ့ရသည့်အတွေ့အကြုံများ
ကြောင့်အလွယ်တကူကြောက်ရွံ့တတ်သည့်လူကို
ခေါ်ဆိုရာ၌အသုံးပြုသည့်စကားပုံဖြစ်သည်။

“အားးးး—!!!“

ရုတ်တရပ်,အမျိုးသမီးတစ်ဦး၏
ဝမ်းနည်းပူဆွေးစရာအော်သံကြီးသည်
ကော်ရစ်တာအဆုံးမှထွက်ပေါ်လာခဲ့သည်။

ယောင်းယီ လေအေးများကို
ရှုသွင်းလိုက်မိသည်။သူ၏
လှပသောမက်မွန်ပွင့်သဏ္ဌာန်
မျက်လုံးများသည်ဝိုင်းစက်သွားပြီး
ရှေ့ဆက်မသွားရဲတော့ပေ။

သူကိုယ်သူစိတ်ငြိမ်အောင်
ကြိုးစားနေပါသော်လည်း,အသုံးမဝင်ပေ။
သူ၏နှလုံးခုန်သံသည်ပိုပိုမြန်လာပြီး
ပေါက်ထွက်မတတ်ခုန်နေခဲ့သည်။

သေရမှာကိုကြောက်သည့်
အကြောက်တရားနှင့်မသိခြင်းတရားသည်
သူ၏စိတ်အခြေအနေကိုအဆုံးအစွန်အထိ
ရောက်အောင်တွန်းပို့ခဲ့သည်။

ယောင်းယီ၏အနောက်ဘက်တွင်,
ပျောက်ကွယ်နေသည့်အရိပ်မည်းသည်
အသက်ကင်းမဲ့နေသည့်မျက်လုံးများဖြင့်
သူ၏ချစ်ရသူဗလုံးဗထွေးပြောဆိုနေသည့်
စကားများကိုနားထောင်ရင်း,
သွေးပျက်မှုကြောင့်တဆတ်ဆတ်
တုန်ရီကာကြောက်ရွံနေသည့်
ယောင်းယီ၏ပုံစံကိုတိတ်တဆိတ်
စိုက်ကြည့်ရင်းမရေမရာဖြစ်နေခဲ့သည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now