[လီး,ငါ့ကိုလန့်သေအောင်လုပ်နေတာလား]

[ Cao-ရှောင်မိန်[1] ရဲ့အော်သံလေးကအရမ်း
နားထောင်လို့ကောင်းတာဘဲ ah!]

[1] ညီမလေး။မိမိထက်အသက်ငယ်သည့်မိန်းကလေးပေါ်တွင်ခေါ်ဝေါ်သုံးဆိုသည်။

[ဘုရားသခင်,ဒီလောင်ရှီ ကြောက်လွန်းလို့ဖုန်းကိုတောင်
နံရံဆီပစ်ပေါက်မိတော့မလိုတောင်ဖြစ်သွားတယ်ကွ]

[What the hell?! သူတို့သရဲကို
တွေ့သွားလို့လား?!ဘာလို့အခုချိန်ထိကင်မရာကို
ပြန်မမြောက်သေးတာလဲ!]

[ဘာတွေလဲ,သူတို့ဆက်ပြီးရော
ထုတ်လွှင့်လို့ရသေးရဲ့လား ah!]

Cao အမည်ရဆံပင်အတိုနှင့်မိန်းမငယ်သည်
ကြောက်ရွံမှုကြောင့်တယိမ်းတယိုင်ဖြစ်သွားပြီး
ကြမ်းပြင်ပေါ်သို့ဖင်ထိုင်လျက်
ပြုတ်ကျသွားတော့သည်။
တံခါးဝတွင်ရှိနေသည်မှာလူဖြစ်နေသည်
ကိုမြင်လိုက်ရသည့်အခါ၊သူမ၏လွင့်သွားသော
လိပ်ပြာသည်သူမ၏ခန္ဓာကိုယ်ထဲသို့
ပြန်ဝင်လာတော့သည်။ထို့နောက်
ရှက်ယမ်းယမ်းကာ

""ရှင်ကဘယ်သူလဲ?! ဘာလို့တံခါးမဖွင့်ခင်
တံခါးမခေါက်နိုင်ရတာလဲ?! ဒီနေရာကို
ပြဿနာရှာဖို့အတွက်နဲ့တမင်သက်သက်
လာခဲ့တာလား?""

ယောင်းယီချွတ်ဖို့အတွက်မေ့ခဲ့သည့်
အဖြူရောင်ဆရာဝန်ဂျုတီကုတ်
အဖြူကိုသတိထားမိသွားသည့်အတွက်၊
Caoသည်ကတိုက်ကရိုက်
တွေးတောလိုက်ပြီးနောက်
ဆက်တိုက်ဆိုသလိုပါးစပ်မှလည်း "ခေါင်းရော၊မျက်နှာပါ
ညစ်ပတ်နေသည့်ကောင်[2]"
အစရှိသောမကြားမဝံ့သာ
ဆဲသံများထွက်လာတော့သည်။

"ငါနားလည်ပြီ။တကယ်တော့နင်ကဒီနေရာကို
လာပြီးတော့နာမည်ဂုန်းဆင်းချင်နေတဲ့ MB[3]
ကောင်ဆိုတာ!ငါတို့ကိုခြောက်ဖို့အတွက်နဲ့
အခုလိုဆရာဝန်ပုံစံမျိုးရအောင်လို့တောင်
အပင်ပန်းခံပြီးဝတ်ဆင်လာတယ်ပေါ့,ဟမ်?
နင့်မှာ B-face[4] မရှိဘူးလား?""

[2]ညစ်ပတ်နေသည့်စိတ်မချမ်းမြေ့စရာ
လူကိုပြောဆိုသည့်အခါသုံးသည်။

[3] "money boy" ပြည့်တန်ဆာအမျိုးသားကို
ရည်ညွှန်းပြောဆိုသည်။ rent boy သို့မဟုတ် ဘဲ ဟုလည်းခေါ်သည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းOnde histórias criam vida. Descubra agora