"အာ တစ်မျိုးတော့ မထင်ပါနဲ့ ယွီချန်ကော။ လူနာအကြောင်း စပ်စုတာတော့ မဟုတ်ပါဘူး။ စောနက ကျွန်တော် ခေါင်းစဉ်တွေ့လိုက်ရလို့လေ Paranoia Personality Disorder ဆိုတာ။ အဲဒါ ဘာရောဂါလဲကော။"

"ရိပေါ် ဘာလို့မေးတာလဲ။"

"ဒီတိုင်း ဗဟုသုတအနေနဲ့ သိချင်လို့ပါ ကော။"

"အထဲက လူနာ နာမည်ကို မင်းမြင်လိုက်သေးလား။"

"မမြင်လိုက်ပါဘူး ကော။"

ရိပေါ်စကားအဆုံး ယွီချန်ကောလည်း အခုမှစိတ်သက်သာရာရသွားဟန် သက်ပြင်းအသာချတယ်။ ဖိုင်တွဲထဲက ရောဂါခံစားနေရသူ အမည်နေရာမှာ ဝမ်ရိပေါ်ဆိုတဲ့ နာမည်က နေရာယူထားကြောင်းကိုတော့ ယွီချန်က ရိပေါ်မသိစေဖို့ မျှော်လင့်မိတယ်။

"တစ်မျိုးမထင်လိုက်ပါနဲ့ ရိပေါ်။ ကောတို့ ဆရာဝန်တွေအနေနဲ့က စောင့်ထိန်းရမယ့် ဝတ္တရားတွေရှိလို့ပါ။ ကောဘက်က သတိလက်လွတ်ဖြစ်ပြီး ဖိုင်တွေမသိမ်းမိတာလည်း မှားသွားတယ်။ ဒါတွေထားပါ။ အခုရိပေါ် ရောဂါအကြောင်း သိချင်တယ်မဟုတ်လား။"

"ဟုတ် ကော။"

"Paranoia Personality Disorder, သံသယလွန်ကဲသော စိတ်ဝေဒနာလို့ ခေါ်တယ်။ ထင်ယောင်ထင်မှားဖြစ်တဲ့ စိတ်ဝေဒနာလို့လည်း ခေါ်တယ်။ ပြောရမယ်ဆိုရင် လူတစ်ဖက်သားကို သံသယစိတ်တွေများပြီး လွယ်လွယ်နဲ့ မယုံကြည်နိုင်ကြတာပေါ့။

ရောဂါသည်က တစ်ဖက်သား ကိုယ့်အပေါ် ဘယ်လောက်ပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံ ဆက်ဆံ၊ သူတို့ကို အသုံးချဖို့ သူတို့ကို ဒုက္ခပေးဖို့ ကောင်းကောင်းမွန်မွန်ဆက်ဆံနေတာလို့ပဲ သံသယတွေဝင်နေလိမ့်မယ်။ တစ်ဖက်သားကို ယုံကြည်ဖို့ ခက်ခဲတတ်ကြတယ်။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို အသုံးချသွားမှာကြောက်တဲ့စိတ်နဲ့ လျို့ဝှက်ထားတတ်ကြတယ်။ အညှိုးလည်း ကြီးကြသလို ဒေါသလည်း ကြီးကြတယ်။ ဘယ်သူ့ကိုမှ မယုံကြည်တာမို့ တစ်ကိုယ်တည်းနေကြတာ များတယ်။ အဓိကက သူတို့ကိုယ်သူတို့ ရောဂါဖြစ်နေမှန်းတောင် သတိမထားမိကြဘူး။

ဘာကြောင့်ဆို ဒီရောဂါက သူတို့ရဲ့ စိတ်အတွင်းမှာပဲ ဖြစ်ပျက်နေပြီး သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတော့ ထိခိုက်နိုင်မှာ မဟုတ်လို့ဘဲ။ အထီးတော့ ကျန်တာပေါ့။

PSYCHO FRIEND (Season-2)Where stories live. Discover now