သို့သော် ရှန်ယိသည် ရွမ်းရီ အား မော့ကြည့်လိုက်ချိန်တွင် အလွန်ကို စိတ်ထိခိုက်သည့် ပုံစံကို ပြုလုပ်လိုက်ကာ " ဟူးး သနားစရာကောင်းလိုက်တဲ့ ငါ့ဘဝ ပါလား.. "
ရွမ်းရီ က နှာခေါင်းရှုံလိုက်ကာ " ဟန်ဆောင်မနေစမ်းပါနဲ့... မြန်မြန်ဆုံးဖြတ်ချ .. အသက်မရှိရင် ဆုံးဖြတ်ချက်ချလို့ မရဘူး " သူက အစကတည်း ရှန်းမန် စစ်တပ် ကို စုံစမ်းခဲ့ပြီးသားပင် ။ ရှန်ဝမ် တစ်ယောက်တည်းသာ ထိန်းချုပ်နိုင်ပြီး သူတို့သာ‌သေရင်‌သေသွားမယ် အခြားတစ်ယောက်က ထိန်းချုပ်နိုင်မည် မဟုတ်ပေ ။ ထိုအတွက်ကြောင့် အဲ့ဒီ အန္တရယ်ကို ရှင်းပစ်ချင်၍ ရှန်ဝမ်ကို သတ်ရန် တာရှန်သို့ သူကိုယ်တိုင် တိတ်တဆိတ်သွားခဲ့ခြင်းပင် ။ နန်းတော်တွင် နေရာသည်မှာ အလွန်မွန်းကြပ်ပြီး အမှတ်တရများက နေရာတိုင်း တွေ့နေရသောကြောင့် အပြင်သွားရန် အကြောင်းရှာခဲ့သည်ဟုတော့ ဘယ်တော့မှ ဝန်ခံမည် မဟုတ်ပေ ။
" ကောင်းပါပြီ... ကောင်းပါပြီ .. မိန်းမ .. အဲ .. အရှင့်သဘော အရှင့်သဘော " ရှန်ယိ က ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ပြောလိုက်သည် ။
" စစ်သည်တွေကို အမိန့်ပေးချင်သေးတယ်ဆိုရင် .. ပါးစပ်ကို သတိထား "
ရှန်ယိမှာ သူ့အား ခြိမ်းခြောက်ကာ ထွက်သွားသည့် သူအား အသဲယားလွန်းလို့ မျက်ရည်ပင်ကျချင်လာသည် ။ ကြည်ရုံတင်ကြည့်ပြီး မထိရမကိုင်ရသည့်ဘဝက ဆိုးရွားလွန်းလှသည် ။ အကြာကြီးနေမှ တွေ့ရတာတောင် အားရအောင် ပွေ့ဖက်လိုက်လို့ မရဘူး ။ " အားးး ဆိုးလိုက်တဲ့ ဘဝကြီး "
_______________________
" စိတ်မကောင်းပါဘူး ရှဝမ် .. ပြန်လို့ရပါပြီ "
ရှဝေ့ယိ သည် သူ့အား မောင်းထုတ်သည့် လူအား ကြည့်ကာ တည်ကြည်မှုအပြည့်ဖြင့် ပြောလိုက်သည် ။ " မင်းသား မဟုတ်တော့တဲ့ လူတစ်ယောက်က မင်းတို့ကို ကာကွယ်နိုင်မှာမဟုတ်ဘူး ..စစ်အကြံပေးက ‌သေချာစဉ်စားပေးပါ .. ဒီမင်းသားက မင်းတို့ကို ခေါ်ပြီး အမြင့်ရောက်အောင် တင်ပေးနိုင်တယ် "
" ကျွန်တော်တို့က ရှန်ဝမ်နဲ့ အတူ ငရဲသွားဖို့သာ ဆန္ဒရှိပါတယ် " ပြီးနောက် ရှဝေ့ယိထက်အရင် ထိုလူက ထွက်သွားတော့သည် ။