ရှန်ယိ က ခေါင်းတစ်ချက်ယမ်းလိုက်ကာ " ကိုယ် ပစ္စည်းတွေ မလိုဘူး " သူက ထရပ်လိုက်ရင်း " နောက်ပြီး ကိုယ်က ယောင်္ကျားလေး တွေကို မကြိုက်ဘူး " သူဖြစ်စေ အရင် ရှန်ယိ ဖြစ်စေသည် တကယ်ကို straight စစ်စစ်တစ်ယောက်ပင် ။ သူကတော့ ဒီလူနဲ့တွေ့ပြီး ကွေးသွားပေမဲ့ပေါ့ .. ။
ရွမ်းရီ က ရှန်ယိ အား လက်ညိုးထိုးလိုက်ကာ တစ်ခုခုပြောချင်သော်လည်း ပြောမထွက်သည့် ပုံစံ ဖြစ်နေသည် ။ သူ့မျက်နှာက ဒေါသကြောင့် မဟုတ်ဘဲ ရှက်ရွံ့မှု‌ကြောင့် အနဲငယ် နီရဲနေသည် ။
ရှန်ယိ က ထို လက်အား ဆုပ်ကိုင်လိုက်သည် ။ " ကိုယ်.."
ဘုန်း !!!
သူ့ခေါင်းတည့်တည့်သို့ ပြုတ်ကျလာသည့် တန်းကြောင့် ရှန်ယိက အသဲအသန် ရှောင်လိုက်ရသည် ။
/ Host .. အဲ့လူကို သွားမထိလို့ ရမလား .. အရင်တစ်ခါကလည်း အဆိပ်မိပြီးပြီ.. နဂိုကတည်းက သေသင့်နေရတဲ့ ကြားထဲ.. /
ရှန်ယိ"..." ဖာ့ခ် နဲနဲလေးတောင် ဖီးလ်လို့မရဘူးလားဟ ။
/ အစကတည်းက ပြောထားသားဘဲ .. host သူ့ဆီက သေခြင်းကို ယူရင် သူနဲ့ အဝေးမှာ နေရမယ်လို့ /
ရှန်ယိ က system ကို ဖင်ပိတ်ကန်ချင်စိတ် ပေါက်နေလေပြီ ။ သူနဲ့ ရွမ်းရီ က တိုက်ခိုက်ပြီး တစ်ယောက်ကို တစ်ယောက် အန္တရယ် ပြုမနေလျှင် သူက ဤသူနဲ့ နောက်ထပ် ထိတွေ့လို့ရမည် မဟုတ်ပေ ။ ဆိုလိုသည်က ရွမ်းရီက သူကို ဓားနဲ့ ထိုးရင်‌ထိုး မထိုးရင် သေအောင် ရိုက်နှက် နေမှ ဖြစ်မည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလား ..။ ထိုမှသာ သေသင့်နေသည့် သူက လောကကြီး သဘောကျ အသက်အန္တရယ် ရှိနေမည်ကိုးး... သေတောင် သေသွားနိုင်တယ်လေ
/ အဲ့လို သဘောပါဘဲ /
"" သောက်ကျိုးနည်း .. လောဂျစ်ကြီး "" သူက အနာဂတ်တွင် အသက်ရှင်ဖို့ ဤ system အား အားကိုးရမည်ကို တွေးမိလိုက်သည်နဲ့ ဟိုနေရာပင် အောင့်လာသလိုလို ....
' ဒီဖေ !!! '
ရွမ်းရီ က ပြုတ်ကျလာသည့် တန်းကို ကြည့်ရင်း ဆွံ့အနေသည် ။ သူ့ နန်းဆောင်တွေက အဲ့လောက်တောင် အိုဟောင်းနေပြီလား ..။