မျက်နှာပေါ်က မျက်နှာဖုံး၏ အောက်တွင် အေးစက်ပြီး ရက်စက်တတ်သည့် မျက်နှာဖုံး တစ်ခုကို တပ်ဆင်ထားသေးသည် ။ ထိုသူ၏ စိတ်အစစ်အမှန်သည် ဘာလဲ ဆိုသည်ကိုပင် ဝေခွဲရကြမည်မဟုတ်ပေ ။
အဲ့ဒီနေ့ ထိုသူအပေါ်တွင် စိတ်ဝင်စားစရာ အရာအဖြစ်ကနေ ပြောင်းလဲသွားသည့်နေ့ဟု ဆိုလို့ရ‌ပေသည် ။ထိုနေ့က သူသည် တာဝန်ချိန်မရှိပါဘဲ အလွန်ပျင်းရိနေသဖြင့် နန်းတော်တွင် အသံတိတ် လှည့်ပတ်နေခဲ့သည် ။ ဘုရင်နန်းဆောင်သို့ ခြေလှည့်မိချိန်တွင် အစောင့်တွေရော အစေခံ တွေရော အကုန် ရှိမ‌နေသည်ကို သတိထားမိလိုက်သဖြင့် ထိုနေရာသို့ သွားခဲ့မိပြန်‌လေသည် ။
" ဒီအမာရွတ်ကို ငါကရော ရချင်နေတယ်လို့ ထင်လို့လား !! အပေါ်ယံတွေ.. အကုန်လုံး အပေါ်ယံတွေ.. " ပြင်းထန်သည့် ဓားချက်များကို ထုတ်သုံးကာ ဓားကစားနေခဲ့သည့် ရွမ်းရီသည် ဓားချက်တိုင်းတွင် တပါးသူ၏ ဝိညာဉ်ကိုပါ ဖျက်ဆီးတော့မည့်အလားပင် ။ မတုန်မလှုပ် မျက်နှာသည် ကြည့်မိသူကို ကြောက်ရွံ့သွားစေသည့် အငွေ့အသက်ကို ပေးလေသည် ။ ရှန်ယိ ၏ မျက်လုံးအတွင်းတွင်တော့ ထိုပုံစံသည် အလွန်ကို သနားစရာကောင်းလှသည် ။ ယောင်္ကျားလေး တစ်ယောက်အား ထိုကဲ့သို့ မြင်သည်မှာ ပထမဆုံး အကြိမ်ပင် ။
သူသည် ထိုသူအား အချိန်အတော်ကြာသည်အထိ ရပ်ကြည့်နေခဲ့မိသည် ။ ဘုရင်ရှောက်နဲ့ မိဖုရားကြီးသည် လုပ်ကြံမှု‌ကြောင့် အလွန်စောစီးစွာ ကွယ်လွန်သွားသဖြင့် ငယ်ရွယ်လွန်းသည့် ရွမ်းရီသည် အသက်အရွယ်နဲ့ မလိုက်အောင် အာဏာရဲ့ ဖိအားကို ခံခဲ့ရလေသည် ။ ထိုလုပ်ကြံမှုမှ ရခဲ့သည့် ဒဏ်ရာသည် ယခုထိ အမာရွတ်အဖြစ် ကျန်နေခဲ့ပြီး  မယ်တော်ကြီး နဲ့ အပေါင်းအပါ များ၏ ရုပ်သေးဘုရင်ဖြစ်စေရန် ပျိုးထောင်မှုများကိုလည်း ခံစားခဲ့ရသေးသည် ။ ရွမ်းရီ ၏ ချစ်မြတ်နိုးခြင်း ခံရဖူးသည့် ကွေ့ဖေး သည်ပင်လျှင် ထိုသူများ ထည့်ထားခဲ့သည့် စစ်တုရင် ရုပ်တစ်ခုသာ ။
အတွေးထဲနစ်ဝင်နေသည့် ရှန်ယိ သည် လှုပ်နိုးခံလိုက်ရသည် ။ သတိပြန်ဝင်လာချိန်တွင် ရွမ်းရီ က သူ့အား အေးစက်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည် ။