Arc.1.12
6.1K 816 15
" ဒါက ဘာတွေလဲ " ရှန်ယိ က သူ့ရှေ့က များပြားလှသည့် တန်ဖိုးကြီးပစ္စည်းများကို ကြည့်လိုက်သည် ။ ဖာ့ခ် ကိုယ့်ကိုယ်ကို တင်တောင်းခံရတဲ့ မိန်းမပျိုလေး လို့တောင် ထင်လာပြီ ။ သူ့ကို အကျဉ်းထောင်ကနေ ဤကောင်းမွန်လှသည့် အဆောင် ပေးပြီး  ဒီတန်ဖိုးကြီးလှတဲ့ ပစ္စည်းတွေနဲ့ .. နေပါဦး .
' ဒီ... ဒီကောင်လေးတွေက .. သေစမ်း !! ရွမ်းရီ က ပျားရည်ထောက်ချောက်ကို သုံးချင်နေတာလား ရူးလိုက်တာ '
ရှန်ယိ မှာ ဒီတစ်ခါတွင်တော့ အမှန်တကယ်ကို လက်လန်သွားလေသည် ။ သူက အကုန်လုံးကို မောင်းထုတ်လိုက်ပြီးနောက် ကုတင်ထက်တွင် လဲလျောင်းလိုက်ကာ မျက်လုံးကို အသာမှိတ်ထားလိုက်လေသည် ။ ယခုအချိန်တွင် သူ့အတွက် မနက်ဖြန်များသည် အမှန်ပင် မှောင်မိုက်‌နေသည်ဟုပင် ထင်လာရသည်။ ဒီကမ္ဘာတွင် ကြာကြာနေလေ .. သူ့ ဒီ အချစ်ကိစ္စတွင် နစ်ဝင်လေ ဖြစ်နေသည် ။
သူ့ပုံစံသည် အလေးအနက် မရှိသလို ဖြစ်နေမှန်း သိသည် ။ သို့သော် ရွမ်းရီ အပေါ်တွင် သူက အမှန်တကယ် အလေးအနက် ထားမိခဲ့တာဖြစ်သည် ။ မဟုတ်ရင် သူ့လို အသက်ကို အလွန်တန်ဖိုးထားသည့် လူတစ်ယောက်က အခြားလူတစ်ယောက်အတွက် နဲနဲလေးတောင် ဒုက္ခရောက်ခံမည် မဟုတ်ပေ ။ သူများရဲ့ သေခြင်းကံတရား ကို ယူပေးဖို့ ဆိုသည်က စိတ်တောင် မကူးသင့်ပေ ။
" ဘာသ‌ဘောလဲ... ရှန်ဝမ်!! ဒီကိုယ်တော်ရဲ့ လက်ဆောင်ကို ငြင်းလိုက်တယ်ဆိုတော့ ..  "
အေးစက်လှသည့် အသံကြောင့် ရှန်ယိက တံခါးဘက်သို့ လှည့်ကြည့်လိုက်သည် ။ ဝတ်ရုံကို အသာမ က တံခါးဘောင်ကို ကျော်လာသည့် ထိုသူသည် လှုပ်ရှားမှုတိုင်း ကျက်သရေရှိနေပြီး ပန်းချီကားတစ်ချပ်အလားပင် ။ ရောက်ရောက်ချင်းနေ့က ထိုသူကို သတ်ဖြတ်ရန် ကြံခဲ့သည့် သူ့အဖြစ်ကို တွေးမိလိုက်သည့်အခါ ရှန်ယိက ခါးသက်စွာ ရယ်မောမိလိုက်သည် ။ ' တကယ်ကို ကျရှုံးသွားတာဘဲ '
အချစ်ကို မယုံကြည်သည့် သူက သူ့အရိပ်ကို တိတ်တဆိတ်ငေးကြည့်နေဖူးသည့် ထိုသူကို လစ်လျုရှုခဲ့ဖူးသည် ။ အချစ်ဆိုတာ ဒီတိုင်း လူတွေရဲ့ ပိုင်ဆိုင်ချင်သည့် ရမ္မက် တစ်ခုဟု မှတ်ယူ ထားသည့် သူက  တိတ်တဆိတ် ငေးကြည့်နိုင်ရုံတင် ကျေနပ်နေသည့် ထိုသူကြောင့် စိတ်လှုပ်ရှားသွားခဲ့ရ‌သေးသည် ။