/ ကံဆိုးမှုအကြောင်းအရင်း - လူသေနှစ်ယောက်၏ ကံဆိုးမှုအား ဆက်ခံထားသောကြောင့်ဖြစ်သည် ။ /
"" အေး.. အသုံးမဝင်တဲ့ လုပ်ဆောင်မှုလေးတွေနဲ့သာ မွေ့လျော်နေလိုက် .. ငါ့ဘာသာ ငါကြိုက်တဲ့လူကို ပိုးပန်းကြေးပေးတာလေ .. မင်းအပေါက်ကိုသာ ပိတ်ထားလိုက် "" ပုံမှန်တွင် ရှောက်ရွမ်းရီ သည်လည်း အဆိပ်ကြောင့် သေဆုံးရမည့် ကံတရားရှိနေသည် ။ ပေရှီးက ထိုအခါ အခြားအင်အားစုများကို ကျော်လွန်ကာ ဟန်ယွဲ့ ကို ရရှိသွားလိမ့်မည် ။
ဒါပေမဲ့ .. ဒီသခင်လေးရဲ့ နှစ်သက်မှုကို ခံရတဲ့ သူအနေနဲ့ လွယ်လွယ်ပေးသေလို့ ဘယ်ဖြစ်မလဲ .. ။
/ အဲ့ဒီ system ရဲ့ လုပ်ဆောင်မှုကြောင့်ပဲ host သူများ ကံတရားကို ယူချင်သလို ယူလို့ရ‌နေတာ မဟုတ်ဘူးလား .. သူများ အချစ်တွေဆိုတာများ ပေးဆပ်ပြီးရင်း ပေးဆပ်တာပါ .. host အလှည့်ကျမှ ပေးဆပ်တာတောင် အသားယူသွားသေးတာ .. အမြတ်မရရင် မလုပ်ဘူးဆိုတဲ့ ပုံစံနဲ့ /
(A/N .. ရှန်ယိ က ခနခန လုပ်ကြံခံနေရတာ သူယူထားတဲ့ ကိုယ်က သေပြီးသား ဇာတ်ကောင်မို့ပါ .. ‌မူလဇာတ်ကြောင်းမှာ ရှောက်ရွမ်းရီက သေပြီး ပေရှီးက ဘုရင်ဖြစ်သွားတာ ဆိုတော့ ရှန်ယိ က အဲ့နေ့က ရွမ်းရီ နဲ့ အတူအိပ်တုန်းက ရွမ်းရီ ‌သေရမဲ့ ကံတရား‌ရော တစ်ခါတည်း ယူသွား တာကို ပြောတာ )
ရှန်ယိ က ဘယ်ကတည်းက သူ့အား နိမ်ချင်နေလည်း မသိသည့် system ၏ စကားများကြောင့် ပြန်ပြောချင်သည့် စကားများပင် ခန နင်သွားရသည် ။
"" အဲ့လုပ်ဆောင်ချက်အတွက် .. ငါ့ရဲ့ အနာဂတ် ရှင်သန်ခြင်း အမှတ်တွေ ဖြတ်သွားတာကို မပြောတော့ဘူးလား .. အလကားလုပ်ပေးတာလဲ မဟုတ်ဘဲနဲ့ .. လေကြီးလေကျယ်နဲ့ ""
ရှန်ယိ က system ကို ထပ်ပြောချင်နေသေးသော်လည်း မေးစေ့ကို ကိုင်လာသည့် လက်ကြောင့် မျက်လုံးကို မှေးကျဉ်းစွာ ဖွင့်လိုက်သည် ။ ' ဖာ့ခ် ဒီအဖေက ဖမ်းခံထားရတာဟ ' သူလက်နှစ်ဖက် သည် သံကြိုးရှည်ဖြင့် ခတ်ထားခံရပြီး ခြေထောက်များတွင်လည်း သံကြိုးများ ရှိနေသည် ။
" အို... ကြီးမြတ်လှတဲ့ ရှန်ဝမ် က နိုးလာပြီဘဲ .. ဖမ်းခံရတဲ့ အရသာက ဘယ်လိုလဲ " လှောင်ပြောင်သလိုလို ပြုံးပြလာသည့် ရွမ်းရီကြောင့် ရှန်ယိ က သက်ပြင်းသာ အသာချလိုက်သည် ။ မုန်းတီးအောင် လုပ်ပြီးကတည်းက သူက ဒီလူအရှေ့ကို ပြန်ကို မသွားသင့်တာ .. အခုတော့ သောက်ကျိုးနည်းကုန်ပြီ ။ ' အလှတရားကို မြတ်နိုးတတ်ရတာ အန္တရယ် များလိုက်တာ '