မဟာ လဲ ဘေးနားမှာ ဝင်ထိုင်ပြီး ဂျစ်တူး မျက်နှာလေးကို ကြည့်မိနေတယ် ။ ဒီလောက်ဆို လုံလောက်ပါပြီ ။ အသက် ၂၆ နှစ်ကစလို့ ထွက်သက် မတိုင်ခင်ထိ ဒီမျက်နှာလေးကိုပဲ ကြည့်ရင်း ဒီအသံလေးနဲ့ပဲ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားပါ့မယ် ။
" ကိုကိုး ဒီနေရာက တကယ် လှတယ်နော် "
" ဟုတ်တယ် ဂျစ်တူးရဲ့ မနက်ဖြန်ကျ ကိုယ်နဲ့ ကလောဈေးထဲသွားကြမလား "
" ကလောဈေး "
" အင်း အခုက ကလော မှာလေ "
" ဟုတ်လား ကျုပ် အရမ်းရောက်ဖူးချင်တာ ရောက်နေတော့လဲ အခုမှ သိရတယ် "
" ကိုယ်က တစ်ရက်ကို တစ်နေရာ လိုက်ပို့မယ်လေ နော် "
" ဟုတ်ဟုတ် "
ဂျစ်တူး က ပြန်ဖြေရင်း မဟာ့ လက်ကို ချိတ်ကာ မဟာ့လက်ဖဝါးလေးကို ဆုပ်ကိုင်လာပြီး သူ့ပေါင်ပေါ်ဆွဲယူလိုက်သည် ။
" ကိုကိုး "
" ဗျာ "
" ကျုပ်လေ ကိုကိုးနဲ့တွေ့ပြီးမှ မခံစားဖူးတာတွေ ခံစားရတယ် မလုပ်ဖူးတာတွေလဲ လုပ်နေမိတယ် အိမ်မှာ အဘနဲ့အမ က ဂရုစိုက်ပေမယ့် ကိုကိုး ဂရုစိုက်ပေးတာကို ပိုလိုချင်လာတယ် အခုဆို ဒီလိုနေရာမှာ ကိုကိုးနဲ့ကျုပ် အတူတူ ရှိနေလာတော့လဲ ကျုပ်တို့ အမြဲတမ်း အတူတူရှိနိုင်ပါ့မလားလို့ စိုးရိမ်တတ်လာတယ် "
" ကိုယ်တို့အမြဲ အတူတူရှိမှာပါ ဂျစ်တူးရဲ့ "
ဂျစ်တူးက ထိုင်နေရာကနေ ခါးကို လျှောချပြီး မဟာ့ပခုံးပေါ် ခေါင်းလေးတင်လာတယ် ။
" အင်း ကျုပ်တို့အမြဲအတူတူရှိပြီး နေ့တိုင်း ဒီတောင်တန်းတွေကိုကြည့်ရင်း တစ်နေ့တာ ကုန်ဆုံးကြမယ် "
နှစ်ယောက်လုံးရဲ့ရှေ့တည့်တည့်မြင်ကွင်းမှာရှိနေတဲ့ တောင်တန်းတွေကိုကြည့်ရင်း စိတ်ထဲမှာတော့ မတူညီတဲ့ စိုးရိမ်မှုတွေနဲ့ပေါ့ ။
" ဂျစ်တူး ကိုယ်ပြောဦးမယ် နေရာတာ တစ်ခုခုအဆင်မပြေရင် ကိုယ့်ကိုချက်ချင်းပြောနော် "
" အင်းပါ "
လက်ကိုဆုပ်ကိုင်ထားတဲ့ ဂျစ်တူး လက်တွေက မဟာ့လက်ကို ရုတ်တရက် တင်းတင်းကြီး ဆုပ်ကိုင်ထားသည် ။ သူ တစ်ခုခုတွေးနေတာနေမှာပါလို့ မဟာ ထင်ခဲ့ပေမယ့် အထွန်းကတော့ သူ့ရဲ့ နာကျင်မှုတစ်ချို့ကို ဖြေဖျောက်နေမှန်း သူကိုယ်တိုင်သာ သိပါလိမ့်မယ် ။
အပိုင်း ၂၅ / အပိုင္း ၂၅
Start from the beginning