​ကောင်းကင်ဘုံ system

8.7K 268 5
                                    

UNICODE

တိမ်​တေလွင့်​မြော​နေတဲ့အဖြူ​ရောင်နယ်​မြေတစ်ခုမှာ​ကောင်မလေးတစ်ယောက်ဟာလှပစွာအိပ်ပျော်နေတယ်...

​ကောင်မ​လေးရဲ့ကိုယ်​ပေါ်မှာအဖြူ​ရောင်ဂါဝန်ရှည်တစ်ခုဟာလှပစွာ​နေရာယူထားပီးသူမလေးရဲ့အနက်ရောင်ဆံနွယ်​တေကလည်းသူမ​လေးရဲ့​ဘေးမှာပျံ့ကျဲ​နေခဲ့တယ်....

အဲ့ဒီအချိန်မှာဘဲသူမ​လေးရဲ့မျက်ဝန်းတေကဖြည်း​ညှင်းစွာပွင့်လာပီးလှပတဲ့​ရွှေ​ရောင်မျက်ဝန်းတစ်စုံ​ပေါ်ထွက်လာခဲ့တယ်..

သူမရဲ့မျက်ဝန်းထဲမှာ​တော့အရာအားလုံးဗလာသက်သက်ဖြစ်နေခဲ့တယ်..

"ငါဘယ်ရောက်နေတာလဲ...ဒီနေရာက​ဘာလဲ....ငါကကောဘယ်သူလဲ"

 သူမရဲ့​ခေါင်း​ပေါ်မှာquestion mark? ?​ပေါင်းများစွာ​ပေါ်လာခဲ့တယ်....

သူမ​ခေါင်းကိုက်လာတဲ့အထိအသည်းအသန်စဥ်းစား​ပေမယ့်လည်းသူမ​ခေါင်းထဲမှာအရာအားလုံးဟာဗလာဖြစ်နေဆဲ..

         ထိုစဥ်သူမရဲ့​ရှေ့မှာတိမ်တိုက်​လေးတစ်ခု​ပေါ်လာပီးခဏအကြာမျက်လုံး​လေးနှစ်လုံးပွင့်လာပီး

"မင်္ဂလာပါHost. "

"ကျွန်​နော်ကHost mission ထမ်း​ဆောင်တဲ့အချိန်အတွင်း Host
ကိုကူညီ​ပေးမယ့်  system 991966ပါ."

"Host. .system. .mission ထမ်း​ဆောင်တာဘာတေလဲ???"

"ငါနင်ကို​မေးမယ်..ငါက​ဘယ်သူ​လဲ....ဒီ​နေရာကဘယ်​နေရာလဲ...နင်က​ကောဘာလဲ....ငါဘာလို့ဘာမှမမှတ်မိရတာလဲ?????"

"Host နည်းနည်းရှုပ်​ထွေးနေမယ်ဆိုတာသိပါတယ်.....Host ဘာမှမမှတ်မိတာက Host ကိုအထက်ကအ​ကြောင်းအချို့​ကြောင်းမှတ်ဥာဏ်ခဏ​ဖျောက်ထားတာပါHost mission ထမ်း​ဆောင်ရမယ်ကမ်ဘာ​တေအကုန်ပီးတဲ့အခါအကုန်ပြန်မှတ်မိလာပါလိမ့်မယ်...Host နာမည်က 
လန်ရှင်းယား ...Host အခု​ရောက်​နေတာက​ကောင်းကင်ဘုံsystemကတာဝန်ထမ်း​ဆောင်မယ့်သူ​တေကို​ပေးတဲ့ကြားခံနယ်​မြေတစ်ခုပါတိမ်နယ်​မြေလို့​ခေါ်ပါတယ်...ကျွန်​နော်က​ကောင်းကင်ဘုံsystemကဖန်တီးထားတဲ့အကူSystemပါ
ကျွန်​နော်ကhost mission ထမ်းဆောင်​တဲ့အခါ Hostနဲ့အတူ​လိုက်ပြီးhostကိုကူညီရမှာပါ..Host  က​အကြောင်းအမျိုးမျိုးကြောင့်ကံ​ကြမ္မာက​သွေဖယ်ပီးအဆုံးသတ်မလှခဲ့တဲ့သူ​တေရဲ့ကိုယ်​တေထဲဝင်ပီးသူတို့ရဲ့​နောက်ဆုံးဆန္ဒ​တေကိုဖြည့်ပေးရမှာပါ....အဲ့လိုဖြည့်​ပေးတဲ့အခါ​သေချာတာ​ပေါ့hostအတွက်အကျိုးအမြတ်တချို့လည်း​သေချာ​ပေါက်ရှိတာ​ပေါ့....host ကsystem နယ်​မြေမှာပညာရပ်​တေကိုသင်ကြားခွင့်ရမယ့်အပြင်mission ထမ်း​ဆောင်လို့ရတဲ့
points ​တေနဲ့ System shop မှာရှိတဲ့​ပစ္စည်း​တေကိုလဲလှယ်ပိုင်ခွင့်ရှိပါတယ်...host ကကမ်ဘာ9ခုတိတိကိုသွားရပါမယ်...ကမ်ဘာ9ခုပြည့်တာနဲ့hostကမူလကမ်ဘာကိုပြန်ခွင့်ရမှာပါ..Host သွားတဲ့ကမ်ဘာ​တေမှာမူလကိုယ်ပိုင်ရှင်ရဲ့​နောက်ဆုံးဆန္ဒအပြင်hostမဖြစ်​မနေလုပ်ရမယ့်တာဝန်တချို့လည်းရှိပါတယ်...Hostကိုအခုဇယားကွက်ပြ​ပေးပါမယ်"

​ကောင်းကင်ဘုံ system (Complete)Where stories live. Discover now