' ဘာလဲဟ.. နေခဲ့ဖို့ အခုဘဲ ပြောထားတာ မဟုတ်ဘူးလား '
" အဟမ်း.. ကိုယ်ရံတော်ရှန် က အရှင့်ရဲ့ အနီးကပ် ကိုယ်ရံတော် ဆိုတော့ နေခဲ့လို့ မရပါဘူး " မုန့်ကုန်းကုန်း က အနေရခက်စွာ ဝင်ပြောလာသဖြင့် ရှန်ယိ က ခေါင်းတချက်ညိတ်လိုက်ပြီး ရွမ်းရီ နောက် လိုက်သွား လိုက်သည် ။
ရှဝေ့ယိ က ထွက်သွားသည့် ကျောပြင်နှစ်ခု အား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည် ။ သူက ရှန်ယိ ၏ ကန်ချက်‌ကြောင့် သိပ်မကျေနပ်‌သေးပေ ။ အခု ရွမ်းရီ နောက်ကို လိုက်သွားသည်ကို ကြည့်ကာ ခံရခက်သည့် စိတ်က ပိုဆိုးလာသည် ။ သူက မုန့်ကုန်းကုန်းအား ကြည့်လိုက်ကာ
" အဲ့လူက ဘယ်သူလဲ ?? မိသားစုကြီး တစ်ခုခုကလား "
မုန့်ကုန်းကုန်း က တစ်ချက်သာ ပြုံးလိုက်ပြီး နောက်သို့ ဆုတ်လိုက်သည် ။ " မင်းသား တို့ ပျော်ပျော် နေခဲ့ကြပါ ဒီအစေခံ ကို ခွင့်ပြုပါဦး "
ကွေ့ဖေး က နှာခေါင်းတစ်ချက်ရှုံလိုက်ကာ " မင်းသားက စည်းကျော်နေပါပြီ... မင်းသမီးရဲ့ ကိစ္စတွေကို အရှင်က ဒီကြင်ယာတော်ကို တာဝန်ယူခိုင်းထားတာ ဖြစ်လို့ အစစအရာရာ ဆင်ခြင်ပေးစေချင်ပါတယ်..." သူမက စုမင်ဟွား အား တစ်ချက်ကြည့် လိုက်ပြီး " ဒီကြင်ယာတော်ကို ခွင့်ပြု‌ပါဦး "
_________________
ရွမ်းရီ က အမာရွတ်‌သည် နှာခေါင်းနားမှ ပါးပြင်အား ကန့်လန့်ဖြတ်တည်ရှိနေသဖြင့် အုပ်ကိုင်ထားသည့် ပုဝါမှ ခပ်သင်းသင်းရနေသည့် ရနံ့တို့သည် သူ့ ဝင်သက်ထွက်သက် အတွင်း ထွက်ပေါ်လာသည် ။ ထိုရနံ့သည် ပန်းနံ့လည်းမဟုတ် ချွေးနံ့လည်း မဟုတ်ဘဲ ရှန်ယိ ရဲ့ ကိုယ်သင်းနံ့ သာ ဖြစ်လေသည် ။
" ရှန် အပြင်မှာ နေခဲ့ပါ .." ရွမ်းရီ ၏ မျက်လုံးများသည် အလွန်တည်ငြိမ်လျက် နက်ရှိုင်းနေသည် ။
ရှန်ယိ က သူ့အား ရုတ်တရက်ကြီး နာမည် အတိုကောက် ခေါ်လာသည့် ဘုရင်ငယ်အား ကြည့်ရင်း အခန်းပြင်တွင်ကျန်ရစ်ခဲ့သည် ။ သူက တံခါးရှေ့တွင် အစောင့်ပုံစံ ရပ်လိုက်ကာ ခပ်တည်တည်ပင် ကျန်နေခဲ့သည် ။
' ဖာ့ခ် .. ငါ ဘာလို့ ကြက်သီးတွေ ထနေတာလဲ '
__________________________
သာသာ မအားသေးဘူး .. role ခွဲနေတယ်..ဟက် ဟက်🙂