" မရိုမသေ အပြုအမှုဘဲ !!! "
ထိုအချိန်တွင် ကွေ့ဖေး သည် ပေါ်လာခဲ့ကာ ရှဝေ့ယိ အား စူးရဲစွာ ကြည့်လိုက်သည် ။ သူက စုမင်ဟွား အား တဖန် လှည့်ကြည့်လိုက်ရင်း " မင်းသမီး .. အသင့်ရဲ့ ခင်ပွန်းလောင်း က ဘာသဘောလဲ ?? "
အခြေအနေသည် ချက်ချင်းပင် တင်းမာသွားခဲ့သည် ။ စုမင်ဟွားသည် ထိုပြောင်းလဲသွားသည့် အခြေအနေကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည် ။ အဖြစ်အပျက်သည် သူ့ကြောင့် မဟုတ်သော်လည်း ပြဿနာ အရင်းအမြစ်သည် သူမ ဖြစ်နေသည့်အလား ဖြစ်နေသဖြင့် စကားများ ပျောက်ရှနေခဲ့သည် ။
" ကျွန်တော့်ရဲ့ အပြုအမှုက မရိုမသေဖြစ်သွားတယ်.. အရှင်က ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ် " ရှဝေ့ယိ သည် ပုဝါအား ပြေးဖယ်ချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည် ။ ဟန်ယွဲ့ ပြည်သည် တာရှန်လောက် စစ်အင်အား မရှိချေ ။ ပေရှီး နဲ့ ကျွမ်းကျင်သည့် အမတ်များသာ မရှိသေးလျှင် တာရှန် က ဟန်ယွဲ့ပြည်ကို သိမ်းပိုက်ပြီးသည်မှာ ကြာလေပြီ ။ အကြောင်းကြောင့် သူသည် ဟန်ယွဲ့ ပြည်၏ ဘုရင်အား သူ့ထက်နိမ့်ကျသည်ဟုသာ စိတ်ထဲမှတ်ထားပေသည် ။
ရှန်ယိက ရှဝေ့ယိ၏ စိတ်အား သိနေသော်လည်း ဘာမှမပြောခဲ့ပေ။ ဇာတ်လိုက်ရဲ့ အဆင့်အတန်းက ဇာတ်ပို့ထက် သာလွန်သည်မှာ ပုံမှန်ကိစ္စပင် ။
" ဟားးဟားး ဘာမှ ကိစ္စကြီးမဟုတ်ပါဘူး .. မင်းသားက စိုးရိမ်လွန်နေပါပြီ .. ဒီအရှင်ရဲ့ ရုပ်ရည်က ဆိုးရွားလွန်းလို့ ဖုံးကွယ်မှုလေးတချို့ ပြုလုပ်ထားရုံပါ .. " ရွမ်းရီ က ပုဝါ ကို အသာကိုင်ရင်း ရယ်မောကာ ပြောလိုက်ကာ မိန်းမစိုး အား ကြည့်လိုက်သည် ။
" မုန့်ကုန်းကုန်း .. မင်းသမီးနဲ့ မင်းသား ကို လွတ်လွတ်လပ်လပ်နေပလေ့စေ .. နောက်ပြီး ကိုယ်တော့် နောက်ကို လိုက်လာစရာ မလိုဘူး .. " သူက လက်ဝှေ့ယမ်းကာ ‌အမိန့်ပေးလိုက်ပြီး ထထွက်သွားသည် ။
ရှန်ယိ က ဇာတ်လိုက်တွေကို ဘယ်လိုရိုက်ချရမလဲ ဟု တွေးကာ လေ့လာနေရင်း သူ့ ဝတ်ရုံကို အသာဆွဲနေသည်ဟု ခံစားရသောကြောင့် လှည့်ကြည့်လိုက်သည် ။