Part-73(ညီလေးကို Level မြှင့်လိုက်ရင်ဘာဖြစ်သွားလဲသိချင်လား..)

Start from the beginning
                                    

ကောင်လေး၏ မျက်လုံးလေးများက တောက်ပ
သော အနက်ရောင်လေးများဖြစ်၏။ မျက်ခမ်းစပ်
လေးများက နီမြန်းကာဖောင်းအစ်အစ်လေးဖြစ်နေ
သည်က မနေ့ညကငိုထားသောကြောင့်ဖြစ်သည်။

စံပယ်နံ့သင်းသင်းလေးက လေညှင်းထဲတွင်
ပျော်ဝင်နေကာ ရှူရှိုက်မိသူတိုင်းကို မပြုံးဘဲ
မနေနိုင်ဖြစ်စေသည်။ နှုတ်ခမ်းအိအိလေးကို..
တင်းတင်းစေ့ထားသော ကလေးငယ်က နှုတ်ခမ်း
လေးများကော့တက်သွားအောင်ပြုံးကာ စံပယ်ပန်း
ရနံ့လေးကို မျက်လုံးလေးများမှိတ်ကာ ရှူရှိုက်
လိုက်သည်။

ထိုစဉ် ရုတ်တရက်ဆန်စွာငုံထွေးခံလိုက်ရသော
နှုတ်ခမ်းများကြောင့် ကောင်လေး၏နီမြန်းကာဖောင်း
အစ်နေသောမျက်လုံးဝိုင်းကြီးများသည် အထိတ်တလန့်
ဖြင့်ပွင့်လာလေသည်။ တရားခံအမျိုးသားကတော့..
သူမဟုတ်သလိုပင် မိုးမခပင်လိုဖြောင့်မတ်စွာရပ်ရင်း
ကောင်လေးကိုကြည့်နေသည်။ သူ၏လက်တစ်ဖက်
တွင်တော့ သစ်သီးပူတင်းပန်းကန်လေးကိုကိုင်ထား
သည်။

သူက ကောင်လေးဘေးနေရာလွတ်တွင်ဝင်ထိုင်
သောအခါ ကောင်လေးကလျစ်လျူရှုသောပုံဖြင့်
မျက်နှာသေးသေးလေးကို တစ်ဖက်လှည့်သွား၏။
စံပယ်ပန်းလေးများကိုသာ အာရုံအပြည့်အဝပေး
ထားပုံက အသည်းယားစရာကောင်းနေတော့သည်။

"clover..ကိုယ့်အချစ်.."

ဆယ်ကျော်သက်လေး၏ လက်နားအင်္ကျီစလေး
ကို အသာဆွဲကာခေါ်လိုက်တော့ နှာခေါင်းလေး
ကိုတစ်ချက်ရှုံ့လိုက်ကာ မသိချင်ယောင်ဆောင်
နေသည်။

"ကိုကိုမှားပါတယ် ကိုကို့ကောင်လေးကို ဝမ်းနည်း
အောင်လုပ်မိတယ်။ ကိုကိုပြောတာယုံပေးပါနော်
ကိုကိုဆွဲကြိုးလေးကိုဘယ်သူ့ကိုမှ မပေးခဲ့ပါဘူး..
ဆွဲကြိုးလေးက clover အပိုင်လေ.. ဒီကိုကိုက
လက်လွတ်စပယ်မလုပ်ရဲပါဘူးကွာ.."

သစ်မိုးအိမ်က ပြောလိုက်ရင်းဆယ်ကျော်သက်
လေး၏ အမူအရာကိုလည်းတိတ်တဆိတ်အကဲခတ်
လိုက်သည်။ သူ့လျစ်လျူရှုထားသည့်အမူအရာအပြည့်
ဖြင့်ဆယ်ကျော်သက်လေးက မသိမသာလေးနားစွင့်
နေသည်။ သူ့စိတ်တွင်းခိုးရီလိုက်မိသည်။

Clover your'e my clover[Completed]Where stories live. Discover now