အပိုင်း(၂၉)

3.4K 202 6
                                    

🍒🌃လရိပ်ဆင်သည့်ကကြိုး အပိုင်း(၂၉)🌃🍒

ဟိုတယ်ကိုရောက်တော့ မိမိရင်ခွင်ထဲကောင်ငယ်လေးက အိပ်ပျော်နေလေပြီ။ လရိပ်မာန်ကကြိုးကိုမနိုးစေရန် ပွေ့ချီလျက် အခန်းဆီကိုခေါ်လာခဲ့သည်။ ကောင်ငယ်လေးကတော့လအိပ်မောကျကောင်းဆဲ... ဟိုတယ်မှခရီးသွားတွေနဲ့ ဝန်ထမ်းတွေကလည်းသူတို့နှစ်ယောက်ကိုကြည့်လျက်...

  လရိပ်မာန် အခန်းထဲရောက်သည်နှင့် ကကြိုးကို အိပ်ရာပေါ်အသာချပေးလိုက်သည်။

အင်း ဟင်း

အိပ်ရာပေါ်ရေုက်မှ ကောင်ငယ်လေးကတစ်ချက်တွန့်ပြီး ပြန်အိပ်ပျော်သွားသည်။ လရိပ်မာန်လည်း ခြေရင်းမှာကပ်ခေါက်ထားတဲ့စောင်ကိုကကြိုးရင်စပ်နားထိရောက်အောင်လွှမ်းခြုံပေးလိုက်သည်။

  ခဏကြာမှ အပြင်ထွက်ပြီး ဇေယျတို့ဆီ အကျိုးကြောင်းဖုန်းဆက်ပြောပြီးသည်နှင့် အခန်းထဲပန်ဝင်လာကာ ကောင်ငယ်လေးရဲ့ဘေးမှာ နောက်တစ်ကြိမ်အိပ်စက်ခြင်းဆီကိုအလည်သွားခဲ့သည်။

🌕🌕🌕

  လရိပ်မာန် အိပ်ယာကနိုးလာတော့ ညနေပင်စောင်းလုနေပြီ ကျန်တဲ့သူတွေလည်းဟိုတယ်ကိုပြန်ရောက်နေကြပြီဖြစ်သည်။

  ဘေးကိုကြည့်လိုက်တော့ကကြိုးကမရှိတော့ အိပ်ယာနိုးသွားပြီထင်။ ရေချိုးခန်းထဲကနေမျက်နှာသစ်ပုဝါကိုင်ပြီးထွက်လာသောကောင်လေးကိုကြည့်ခြင်းအားဖြင့် တော်တော်သက်သာသွားပြီထင်သည်။ မျက်နှာကလည်းသွေးရောင်လွှမ်းလာပြီ ရွှင်ပျနေသည်။

" ကကြိုးသက်သာသွားပြီလား ''

" ဟုတ်ကိုမာန်တော်တော်သက်သာသွားပြီ ''

" ကိုထက်ဦးရှိန် ရဲ့ပြကြည့်ပါလား ''

" ရပါတယ်ကိုမာန် အဲ့လောက်မလိုပါဘူးဒီတိုင်းအအေးမိလို့နေမှာပါ ''

".....''

" ဒါနဲ့ ကိုမာန်က ဒီကိုဘယ်လိုရောက်နေတာလဲ သစ်စခင်မျာ ဘယ်သွားနေလဲမသိဘူး ဟင်းဟင်း ''

အသက်ဝင်တဲ့အပြုံးတစ်ခုနဲ့ ဟာသနှောရောပြောနေသောကောင်လေးပြောမှသတိရသည်။ ကကြိုးဘေးဝင်အိပ်လိုက်တာသစ်စတစ်ယောက်ဘယ်အခန်းများသဝေထိုးနေမလဲ.....

လရိပ်ဆင်သည့်ကကြိုးWhere stories live. Discover now