အပိုင်း(၉)

4.7K 276 4
                                    

🍒🌃 လရိပ်ဆင်သည့်ကကြိုး အပိုင်း (၉) 🌃🍒

" မေရှင်းရာ ''

ကြီးမားလှသည့်စံအိမ်ကြီးထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ နာမည်ကို​ခေါ်သံကဟိန်းထွက်လာသည်။

  " ဟုတ် ဒေါ်လေး သမီးကိုဘာခိုင်းစရာ
ရှိလို့လဲရှင့် ''

အိမ်နေရင်းဝတ်တဲ့ ခပ်နွမ်းနွမ်းအဝတ်တစ်ထည်နဲ့ရိုကျိုးစွာအနားသို့ရောက်လာတဲ့ကောင်မလေး။ အမြဲပွနေတဲ့ ဆံပင်ရှည်တွေကိုကျစ်ဆံမြီးကျစ်ကာ ခွဲထားသည်။

  " နင်ဒီအဝတ်တွေကို ဘာလို့ပြောင်အောင်လျှော်မထားတာလဲ ''

" သမီးလျှော်ထားတာ ပြောင်ပါတယ်ဒေါ်လေး ''

  မေရှင်းရာ အဒေါ်ဖြစ်သူကိုပြန်ပြောပြီးကြောက်ရွံစွာခေါင်းကိုငုံ့သွားသည်။

" နင်အခုငါ့ကိုပြန်အာခံနေတာလား ဟမ် ''

မိမိလက်မောင်းကိုရိုက်ပုတ်ကာ စကားဆိုလာသောအဒေါ်ဖြစ်သူရွှေရည်သွဲ့။ စကားသံတွေမာကြောနေသလို ကြင်နာခြင်းကင်းမဲ့သည်။ ရွှေငွေဥစ္စာတွေကိုသာ မင်မောတတ်လွန်းသောသူ။ ဂုဏ်ဆိုတဲ့အအဓိပ္ပါယ် ဖော်ရခက်တဲ့စကားလုံးတွေကိုသုံးတတ်တဲ့သူ။

"ဟုတ်သမီးပြန်လျော်ပေးပါ့မယ် ''

" သွားသေချာပြောင်အောင်ပြန်လျော် နင်လည်းနင့်အဖေလိုမလုပ်နဲ့ ''

မေရှင်းရာ အဒေါ်ဖြစ်သူနားမှာ ဆက်နေချင်စိတ်မရှိတော့တာကြောင့် ပြန့်ကျဲနေတဲ့ အဝတ်စားတွေကို ကောက်ယူရင်းအဒေါ်ရဲ့အခန်းထဲမှ ထွက်လာခဲ့တော့သည်။

အခုချိန်ဟာ မေရှင်းရာအတွက်တော့ ငရဲခန်း။ ​ဖေဖေကဆေးမှုနဲ့ထောင်ကျနေတယ်။ ဖွားဖွားကြီး ကတော့ အသက်တွေကြီးရင့်နေပြီ။ ၇၀ နားကပ်နေပြီဖြစ်တဲ့အဖွားအိုကြီးဟာ အထီးကျန်အခန်းထဲမှာပဲ သူရဲ့အချိန်တွေကုန်ဆုံးနေတယ်။
အတိတ်ကသူမရက်စက်စွာ စွန့်ပစ်ခဲ့တဲ့ သမီးငယ်လေးကို လွမ်းဆွတ်စွာ တမ်းတရင်း....

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

   ဟီး ဟီး ဟီးးးးးး

လရိပ်ဆင်သည့်ကကြိုးWhere stories live. Discover now