part 23 end

9.2K 251 18
                                    


ဆောင်းလေးတို့အိမ်ဧည့်ခန်းနံရံမှာချိတ်ဆွဲထားတဲ့ သံစဥ်ရဲ့ဘွဲ့ဓာတ်ပုံလေးကိုငေးကြည့်နေမိသည်။သံစဥ်က ကျောင်းမပြီးခင်မှာဆုံးသွားခဲ့တာ ဘွဲ့ဓာတ်ပုံကဘယ်လိုလုပ်ပြီး  ...

"သမီးကြီးက သူ့ကိုယ်သူဘွဲ့ရတဲ့အထိကြာကြာမနေရတော့ဘူးဆိုတာသိနေတော့ တမင်တကာအမှတ်တရရိုက်ထားခဲ့တာထင်ပါတယ်"

၀င်ပြောလိုက်သူကဆောင်းလေးတို့အမေဒေါ်မြဝတ်ရည်ဖြစ်သည်။။ကလေးရဲ့အမေကအရမ်းကိုနုပျိုလွန်းနေသည်။

"သမီးကနန်းမဟုတ်လား အန်တီသမီးကိုမမြင်ဖူးပေမယ့် သမီးအကြောင်းအမြဲတမ်းကြားပါတယ် ဆောင်းလေးကသမီးအကြောင်းအမြဲတမ်းပြောနေကျလေ"

ဆက်ပြီးတော့ဒေါ်မြဝတ်ရည်ကနေ

"တစ်ကယ်တော့ သမီးကြီးအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးသွားရတာအန်တီ့အပြစ်ပါ အဲ့တုန်းကအန်တီအိမ်ထောင်ရေးကလဲသိပ်အဆင်မပြေတော့သမီးကြီးရဲ့ကျန်းမာရေးကိုကောင်းကောင်းဂရုမစိုက်မိဘူး အန်တီ့အပြစ်တွေပါ အဲ့ဒီအတွက်ကြောင့်ပဲ နောက်ဆုံးအန်တီနဲ့သူ့အဖေကွာရှင်းတဲ့အထိဖြစ်ခဲ့တာ"

ဆောင်းလေးအမေပြောတဲ့စကားတွေကိုကြားတော့သံစဥ်အတွက်ရောဆောင်းလေးအတွက်ပါ နန်းစိတ်မကောင်းဖြစ်ရသည်။

"သမီးနဲ့အန်တီ့သမီးကြီးနဲ့ပက်သတ်ခဲ့တာတွေလဲအန်တီသိပါတယ် "

"ပြီးတော့သမီး အန်တီတို့ဆောင်းလေးကိုဂရုစိုက်ချစ်ပေးတာတွေအတွက်အန်တီကျေးဇူးတင်ပါတယ် ဒါပေမယ့်"

"အန်တီ သိချင်တာတစ်ခုက သမီးတစ်ကယ်ပဲသမီးငယ်လေးအပေါ်ချစ်ရဲ့လား"

"ရှင်"

အန်တီဘာလို့ဒီလိုမေးရတာလဲ ... ။

"အန်တီ ကျွန်မကျိန်ဆိုလဲကျိန်ရဲပါတယ် ကျွန်မဆောင်းကိုတစ်ကယ်ချစ်တာပါ ဆောင်းလေးအတွက်ကျွန်မဘာမဆိုပေးဆပ်နိုင်ပါတယ်"

ဒေါ်မြဝတ်ရည် နန်းရဲ့စကားကိုကြားတော့ပြုံးလိုက်သည်။

"ဒါဆို သမီးအန်တီတို့ဆောင်းလေးနဲ့လက်ထပ်နိုင်မလား"

True LoveWhere stories live. Discover now