part 6

4.1K 232 2
                                    


ငွေပင်လယ်စား‌သောက်ဆိုင်လေးထဲမှာ နန်းနဲ့မတွေ့တာကြာပြီဖြစ်တဲ့ ကျောင်းနေဘက် သူငယ်ချင်းရတီတို့ဆုံဖြစ်ကြသည်။

"ကျောင်းပြီးထဲကငါတို့မတွေ့ဖြစ်တာ အတော်ကြာသွားခဲ့ပြီနော် နန်း"

"ဟုတ်တယ်နော် ရတီ "

"နင့်မင်္ဂလာပွဲတုန်းက ငါအဝေးရောက်နေလို့မလာဖြစ်တာတောင်းပန်ပါတယ်ဟာ"

"ရပါတယ် နင်လဲတာ၀န်နဲ့ဆိုတော့ငါနားလည်ပါတယ်"

"နင်ရော ခုထိတစ်ယောက်ထဲလား ..."

မေးသာမေးရသည် နန်းရဲ့သတင်းတွေရတီကြားပါတယ်။၈နှစ်လုံး အချစ်ဆိုတာကိုလုံး၀အယုံအကြည်မရှိတော့ပဲ နွေသံစဥ့်အပေါ်နာကြည်းစိတ်နဲ့ချစ်သူတောင်ထပ်မထားဖြစ်ဘူးတဲ့။အဖြစ်မှန်ကိုမသိပဲ သံစဥ့်အပေါ်နာကြည်းနေပြီး အချစ်ကိုလုံး၀အယုံအကြည်မရှိတော့ပဲ တစ်ယောက်ထဲနာကျင်ခံစားနေရတဲ့နန်းကို ရတီသနားမိသည်။

ဒါကြောင့်လဲ အဖြစ်မှန်တွေပြောပြဖို့ ရတီ ချိန်းဆိုလိုက်ခြင်းဖြစ်သည်။

"နင်ခုထိ သံစဉ့်ကို..."

"တော်တော့ ရတီ အဲ့ဒီကောင်မနာမည် ငါ့ရှေ့ထပ်မပြောနဲ့ "

"နန်း "

နာမည်လေးပြောလိုက်တာကို ခါးခါးသီးနဲ့တုန့်ပြန်လာတဲ့နန်း။မျက်၀န်းမှာလဲ မျက်ရည်လေးတွေစိုလို့။နန်းခုထိသံစဥ့်ကို မမေ့နိုင်သေးတာသေချာပါသည်။

"နန်း နင်ထင်သလိုမဟုတ်ဘူး သံစဥ်က"

"သူနင့်အပေါ်တစ်ကယ်ချစ်ခဲ့တာပါ..."

"ဘာ...."

"ရတီ နင်ဘာပြောလိုက်တယ် သူငါ့ကိုတစ်ကယ်ချစ်ခဲ့တာဟုတ်လား "

"ဟက် ငါ့ကိုတစ်ကယ်ချစ်ခဲ့တယ်ဆိုတဲ့သူက ငါဆေးရုံမှာသေလုနီးပါးဖြစ်နေတဲ့ချိန် သူငါ့ကိုတစ်ချက်လေးတောင်လာကြည့်ဖော်ရလို့လား"

နန်း နာကျင်စွာနဲ့ပြောမိသည်။

"မဟုတ်ဘူးနန်း သံစဥ်က...."

ရတီပြောမထွက်၍ စကားကိုခဏရပ်လိုက်သည်။
သံစဥ်ဆုံးသွားပြီဆိုတဲ့စကားက်ို ရတီပြောမထွက်ရက်။

True LoveWhere stories live. Discover now