part 11

2.6K 157 6
                                    


"Bamboo House "စားသောက်ဆိုင်ရဲ့သီးသန့်ခန်းလေးထဲမှာနန်းတစ်ယောက် အတွေးလွန်နေသည်။
ဆောင်း အစားအသောက်တွေမှာပြီးသည်အထိ အတွေးမပျက်သေးတဲ့မ။ဘာတွေများတွေးနေပါလိမ့်။

"မ"

"ဟင် "

"ဘာတွေတွေးနေတာလဲ မရဲ့"

"ကလေးအကြောင်းပေါ့"

"ဆောင်းရဲ့အကြောင်းလား ဘာများလဲမ"

"မစဥ်းစားနေတာ ကလေးက ကလေးအဒေါ်နဲ့နေလာခဲ့ရတာ ကလေးအဒေါ်ကကလေးအပေါ်ကောင်းပေးရဲ့လားဆိုတာကို"

ကြည့်စမ်း မကဆောင်းအတွက်စိတ်ပူနေတာပဲ။ဆောင်း ကျေနပ်ပြီးပြုံးလိုက်သည်။

"တီလေးက ဆောင်းအပေါ်ကောင်းပါတယ်"

"တီလေးမှာက သားနှစ်ယောက်ပဲရှိတော့ ဆောင်းကိုဆိုသမီးတစ်ယောက်လိုပဲ အရမ်းဂရုစိုက်ပြီး အလိုလဲလိုက်ပါတယ်"

"ဆောင်းအတွက်ပြောရမယ်ဆိုရင်... တီလေးကဒုတိယအမေဆိုလဲမမှားဘူး ပြီးတော့ဆောင်းရဲ့အစ်ကိုနှစ်ယောက်ကလဲဆောင်းကိုချစ်ကြပါတယ်"

"aww"

ကလေးရဲ့စကားကြောင့် နန်းစိတ်အေးသွားသည်။ ဆောင်း အဒေါ်မှာသားနှစ်ယောက်ပဲရှိပြီး သမီးမရှိတော့ဆောင်းလေးကိုအတော်ချစ်ရှာမှာပဲ။တော်သေးတာပေါ့   ကလေးက အချစ်ခံပြီးကြီးပျင်းလာခဲ့ရလို့။ဒါပေမယ့် ဘယ်လောက်ပဲအဒေါ်နဲ့အစ်ကိုတွေရဲ့အချစ်ခံရတယ်ပဲဆိုဆို ဆောင်းလေးသူ့မိဘတွေကိုတော့တောင့်တမိမှာပဲ။

နန်းတောင် သိတတ်စအရွယ်မှာဖခင်ကိုဆုံးရှုံးခဲ့ရတာ။ အမေရဲ့အချစ်ကဘယ်လောက်ပဲပြည့်စုံနေတယ်ဆ်ိုပေမယ့်လဲ တစ်ခါတစ်ရံအဖေ့ကိုလွမ်းဆွတ်တမ်းတခဲ့မိသေးတာ။ဆောင်းကပိုဆိုးမှာပေါ့။

"ကလေး အစ်ကိုတွေရော ကျောင်းပြီးကုန်ပြီလား"

"ပြီးပြီ မရဲ့ အခုကိုကြီးရော ကိုလေးရောနှစ်ယောက်လုံးဂျပန်မှာအလုပ်လုပ်နေကြတယ်"

"aww"

"ဆောင်း မိဘတွေနဲ့ရောအဆက်အသွယ်ရှိရဲ့လား "

"ဟုတ် ရှိတယ်မ"

ထိုစဥ် waiterလေးမှ အစားအသောက်တွေလာချလေသည်။နန်း ကြည့်လိုက်တော့ မာလာရှမ်းကော.. ဟော့ပေါ့ချဥ်စပ်.. ငါးသံပုရာပေါင်း.. ယိုးဒယားသင်္ဘောသီးထောင်း ..ပုစွန်အစိမ်းသုပ် တဲ့ ။အချဥ်တွေ အစပ်တွေကြီးပဲ။

True LoveOnde as histórias ganham vida. Descobre agora