part 3

4.2K 249 2
                                    


"တီချယ် သိပ်မကြာခင်ဆောင်းမွေးနေ့ရောက်တော့မှာ နော်"

"ဟုတ်လား ဆောင်းဘယ်နှနှစ်ပြည့်မှာလဲ"

"၁၈နှစ်ပြည့်မှာလေ တီချယ် တီချယ်ဆောင်းကိုလက်ဆောင်ပေးရမှာနော်"

နန်းပြုံးလိုက်မိသည်။သူမဆီ ကလေးတစ်ယောက်လိုချွဲကာ မွေးနေ့လက်ဆောင်တောင်းနေတဲ့ကလေးမ။

"ပေးမှာပေါ့ဆောင်းရယ် ဆောင်းလေးကဘာလိုချင်လို့လဲ ဆောင်းမွေးနေ့ကျ"

တီချယ့်ဆီကအချစ်လို့များပြောလိုက်ရင် တီချယ်ဆောင်းကိုမုန်းသွားလေမလား။ အခုချိန်မှာတော့ပြောဖို့စောပါသေးသည်။

"တီချယ်က ဆောင်းလိုချင်တာပေးမှာလား"

"ဒါပေါ့ ဆောင်းရဲ့"

"ဟေး ဒါမှတို့တီချယ်..."

ဆောင်း တီချယ့်လက်မောင်းလေးကိုဆွဲဖက်လိုက်သည်။
ထိုအခိုက် နန်း ဆောင်းရဲ့လက်မှာ၀တ်ထားတဲ့လက်စွပ်လေးကိုမတော်တဆကြည့်မိလိုက်ပြီး နန်းစိတ်လှုပ်ရှားသွားသည်။ဒီလက်စွပ်လေးက....

"ဆောင်း တီချယ့်ကို ဆောင်းရဲ့လက်စွပ်လေးခဏပြပါလား"

"ဟုတ် တီချယ်" ဆောင်းလက်မှာ၀တ်ထားတဲ့လက်စွပ်လေးက်ုချွတ်ကာ တီချယ့်ဆီပေးလိုက်သည်။

နန်းလက်စွပ်လေးရဲ့အတွင်းဘက်ကိုသေချာကြည့်လိုက်တော့N&Nဆိုတဲ့စာလုံးလေးထွင်းထားသည်ကိုတွေ့လိုက်သည်။ဒါ...ဒါ နန်းနဲ့နန်းရဲ့အရင်ချစ်သူနွေသံစဥ်တို့ ပန်းထိမ်ဆိုင်မှာသွားအပ်ပြီးအတူလုပ်ထားတဲ့ဆင်တူလက်စွပ်လေးပဲ။ဘယ်လိုလုပ်ဆောင်းဆီမှာရှိနေရတာလဲ...။ဆောင်းသံစဥ်...နွေသံစဥ်..မဟုတ်မှလွဲရော...ဆောင်းနဲ့သံစဥ်က...။

ရုတ်ချည်းမျက်နှာပျက်သွားတဲ့ တီချယ့်ကိုမြင်တော့

"ဘာ ဘာဖြစ်လို့လဲတီချယ် ...."

"ဆောင်း ဒါဘယ်ကရတာလဲ..."

"ဆောင်းရဲ့မမဆီကပါ ဘာဖြစ်လို့လဲဟင် တီချယ်"

ဆောင်းရဲ့စကားကိုကြားတော့ နန်းလဲပြိုမတက်ဖြစ်သွားသည်။တစ်ကယ်ပဲ ဆောင်းကနွေသံစဥ်ရဲ့ညီမပေါ့။ဟား သူမဘာလို့မသိခဲ့ရတာလဲ။နွေသံစဥ် ဆောင်းသံစဥ် နာမည်တွေလဲဆင်တူနေသလိုရုပ်ချင်းပါဆင်နေလျှက်နဲ့ ဘာလို့မသိခဲ့ရတာလဲ...။

True LoveWhere stories live. Discover now