part 22

4.4K 195 22
                                    

နန်း နိုးလာတော့ အလောတကြီးနဲ့ဆောင်းကိုရှာဖို့ထလိုက်သည်။ထိုခန လူကမိုက်ခနဲဖြစ်သွားသဖြင့် ခုတင်ပေါ်မှာအသာလေးငြိမ်နေလိုက်ရတယ်။ထိုအဖြစ်ကိုလှမ်းမြင်လိုက်တဲ့ ဒေါ်မြတ်သူဇာမှ

"နန်းညီမ ​နိုးပြီလား ​"

"ဖြေးဖြေး အရမ်းမလုပ်နဲ့ ညီမသတိလစ်မေ့နေတာ တစ်ရက်တောင်ကျော်ခဲ့ပြီ"

နန်း ကိုယ့်ဟာကိုယ်အံ့သြသွားမိသည်။ဘယ်လိုလုပ်ပြီးအကြာကြီးသတိမေ့နေခဲ့ရတာလဲ။အင်းဖြစ်နိုင်တာတော့ နန်းဒီတစ်လောဆောင်းနဲ့အဆက်အသွယ်မရ၍ စိတ်ပူတာရော အိပ်ရေးပျက်ထားတာကြောင့်ရော ဖြစ်ပါလိမ့်မည်။ဆောင်း သူမရဲ့ဆောင်းလေးရော။

"ဆောင်းလေးရော ကလေး..."

"ကျွန်မဆောင်းလေးကိုသွားတွေ့ရမယ်"

သတိရလာတာနဲ့ဆောင်းမှဆောင်းဖြစ်နေတဲ့ နန်းကိုကြည့်ပြီးသူဇာသက်ပြင်းချမိသည်။

"ညီမရဲ့ဆောင်းလေးကဘာမှမဖြစ်ပါဘူး စိတ်ကိုအေးအေးထားဟုတ်ပြီလား"

ဆောင်းဘာမှမဖြစ်ဘူးတဲ့။ဘယ်လိုဖြစ်နိုင်မှာလဲ...ဆောင်းကသူမမျက်စိရှေ့မှာတင်..။

"ကျွန်မကိုမညာပါနဲ့ အစ်မ ဆောင်းလေးကကျွန်မမျက်စိရှေ့တင် ကျောင်းပေါ်ကပြုတ်ကျသွားတာ ဘာမှမဖြစ်ဘူးဆိုတာဘယ်လိုဖြစ်နိုင်မှာလဲ"

"ကျွန်မကြောင့်ဆောင်း..."

နန်းရဲ့စကားကိုဒေါ်မြတ်သူဇာအံ့သြသွားသည်။နန်းတစ်ယောက်ခုမှသတိရလာပြီး ဘာတွေပြောနေတာလဲ။ဆောင်းကကျောင်းပေါ်ကပြုတ်ကျသွားတယ်ဆိုပါလား။အဓိပ္ပါယ်မရှိတာတွေ။နန်းတော့သတိတွေဘာတွေများချွတ်ယွင်းသွားပြီလား။

"ညီမဘာတွေပြောနေတာလဲ"

"အဲ့နေ့ကဖြစ်ခဲ့တာတွေ ညီမမမှတ်မိဘူးလား ဆောင်းဘာမှမဖြစ်ပါဘူး"

"ဟင်"

ဆောင်း တစ်ကယ်ဘာမှမဖြစ်ဘူးလား။နန်းဇဝေဇဝါနဲ့အဲ့နေ့ကအကြောင်းကို နန်းပြန်စဥ်းစားလိုက်တော့ အဲ့နေ့ကအဖြစ်အပျက်ခေါင်းထဲတရေးရေးပေါ်လာသည်။

"မလိမ်တယ် မဆောင်းကိုတစ်ကယ်မချစ်ဘူး"

"မဘယ်တုန်းကမှ ဆောင်းကိုမချစ်ခဲ့ဘူး"

True LoveWhere stories live. Discover now