" ကော်ဖီဖျော်လိုက်မယ် "
မဟာ စကား စ ဖြတ်ပြီး ကော်ဖီ ၃ ခွက် ဖျော်ထားလိုက်သည် ။ နောက်ကျောတကယ်မလုံပေ ။ သော် သူ့ကို ထိုင်ကြည့်နေတာများလား ။ မဖြစ်နိုင်ပါဘူးလေ ။ သော် က အဲ့လိုမှ မဟုတ်တာ ။
" ငါမေးစရာရှိတယ် "
" အင်း ပြောလေ "
" မဟာအာကာက ယောကျာ်းလေးတွေကိုကြိုက်တာမဟုတ်ဘဲ ငါ့ကိုပဲ သဘောကျမိတာလို့ထင်ခဲ့တာ အဲ့တာ အမှန်မဟုတ်ဘူးလား "
မဟာ သော့်နားကို လျှောက်သွားပြီး ကော်ဖီခွက်ကို သော့်ရှေ့ချပေးရင်း သော့်မျက်လုံးကို တည့်တည့်မတ်မတ်ကြည့်ကာ
" ဟုတ်တယ် ငါက မင်းကိုပဲသဘောကျခဲ့တာ မဟုတ်ဘူး ငါကိုယ်က ယောကျာ်းလေးတွေကိုပဲ သဘောကျတာ "
" ဟ အစောကြီးတွေ နိုးကြပါလား "
မီးဖိုခန်းထဲဝင်လာတဲ့ သျှမ်း ကြောင့် စကား စ ပြတ်သွားခဲ့သည်ကို မဟာ ကျေးဇူးတင်မဆုံး ။ ခဏနေတော့
" ကိုကိုး "
" ဂျစ်တူး လာ ထိုင် မနက်စာ အဆင်သင့်ပဲ "
" ဝိုး မဟာအာကာတို့က ခုထဲက အပိုးကျိုးနေရောပဲ "
" ဟေ့ကောင် ပါးစပ်ပိတ်ထားစမ်း စားစရာရှိတာစား ထူးမောင်ရော "
" လာလိမ့်မယ် ရေတစ်ခါတည်းချိုးနေတာ "
" အေးအေး "
မဟာ ဝင်ထိုင်လိုက်တဲ့နေရာက သော် နဲ့ မျက်နှာချင်းဆိုင် ခုံ ။ မဟာ့ဘေးမှာ ဂျစ်တူး ။ ဂျစ်တူးနဲ့မျက်နှာချင်းဆိုင်မှာ သျှမ်း အသီးသီးထိုင်ပြီး မနက်စာ စ စားကြရောပေါ့ ။
" ဟေ့ကောင်တွေ ငါ့တောင် မစောင့်ဘူး "
" ထိုင်ပါကွာ စောင့်ရင်းစားနေတာ "
စားပွဲရဲ့ထိပ်ဆုံးမှာ ထူးမောင် က ဝင်ထိုင်သည် ။
" ဂျစ်တူး ဒါ ကိုယ့်သူငယ်ချင်းပဲ ထူးမောင် တဲ့ "
" ဟုတ် ဗျ ကျုပ်က အထွန်းပါ "
" ကြားဖူးနေပါတယ် ချစ်စရာကလေးလေးပဲ "
ထူးမောင်က ကိုင်ထားတဲ့ဇွန်းကိုချပြီး ဂျစ်တူးရဲ့ အုန်းမုတ်ခွက် ဆံပင်ကို လှမ်း ဖွ သည် ။
အပိုင်း ၂၄ / အပိုင္း ၂၄
Start from the beginning