အပိုင်း ၄ [ Adult ]

En başından başla
                                    

ဒဏ်ရာကို ဆေးထည့်ပေးနေသော လက်များပင် နေရခက်မှုကြောင့် အနည်းငယ် တုန်ယင်ချင်နေလေပြီ ။

ပါးပြင်ပေါ်က ခြစ်ရာတစ်ခုကို နောက်ဆုံး Baekhyun ဆေးထည့်ပေးပြီးသည့်နောက်တွင်တော့ မျက်တောင်ဖျားတွေကို တုန်တုန်ယင်ယင်နှင့် ခပ်သိမ်း၍ မျက်လွှာချလိုက်ရတော့၏ ။

" ပြီးပြီ ။ အကယ်၍ ခင်များဗိုက်ဆာရင် ကျွန်တော် ဆန်ပြုတ်ပဲ ဖြစ်ဖြစ်.... အင့် "

မျက်လွှာချကာ ဆေးဘူးတွေသိမ်းရင်း စကားလမ်းကြောင်းလွှဲနေသော Baekhyun သည် ဆုံးအောင်ပြောခွင့်မရလိုက်ခင်မှာပဲ  ခါးသေးသေးလေးက သန်မာသော လက်ကြီးတစ်ဖက်နှင့် ပွေ့ဖက်ခြင်းအား ခံလိုက်ရလေသည် ။

ကြီးမားသော ခန္ဓာကိုယ်ကြီးသည် သူ့ကို အုပ်လုမတတ် ဖြစ်နေတာမို့ Baekhyun နောက်ကို လန်ကျမတတ် ဆုတ်ထားပြီး အထိတ်ထိတ် အလန့်လန့်နဲ့ မျက်တောင်များ တဖြတ်ဖြတ်ခတ်၍ တံတွေးများ မြိုချလိုက်ရ၏ ။

" ဘာ..ဘာ..ဘာလုပ်တာ "

Chanyeol သည် မိမိလက်ထဲကို ရောက်နေသော ယုန်ဖြူ သေးသေးလေးအား အရသာခံကာ ပြုံးကြည့်ရင်း ထူထဲနက်မှောင်နေသော မျက်ခုံးတစ်ဖက်ကို ပင့်ပြလိုက်သည် ။

" ဘာလုပ်မယ်ထင်လို့လဲ ? "

Baekhyun သည် မျက်နှာကို ဘေးဘက်သို့ လွှဲထားရင်း အဝတ်ကင်းမဲ့နေသော ရင်အုံကြီးကို မထိရဲ ထိရဲ တွန်း၍ ပြန်ဖြေလိုက်သည် ။

" ဒီ..ဒီလို မနောက်ပါနဲ့ ။
ကျွန်တော်.. ည..ညနေစာပြင်ရဦးမယ် "

Chanyeol သည် အထိတ်တလန့်ကြားထဲမှ ပါးပြင်ထက်တွင် မက်မွန်ရောင်လေး ယှက်ပြေးလာသော ကောင်လေးကြောင့် လွတ်နေသော လက်ဖဝါးတစ်ဖက်နှင့် ပါးလေးတစ်ဖက်ကို အုပ်ကိုင်၍ ဘေးဘက်လွှဲထားသော မျက်နှာလေးအား သူ့ကို တည့်တည့်ပြန်ကြည့်စေလိုက်၏ ။ တုန်လှုပ်နေသော မျက်ဝန်းလေးများသည် အဝိုင်းသား ။

" ကိုယ်က မာဖီးယားဂိုဏ်းခေါင်းဆောင် တစ်ယောက် !
Park Chanyeol လို့ခေါ်တယ် !
အဲ့တာမို့ ကိုယ့်ဘဝမှာ သူများကို ခွင့်တောင်းတဲ့ အလုပ်မျိုး တစ်ခါမှ မလုပ်ဖူးဘူး ။ ဒါပေမယ့် ဒီတစ်ခါတော့ ကိုယ် ပထမဆုံးအနေနဲ့ မင်းဆီမှာ ခွင့်တောင်းချင်တယ် ။
ကိုယ်မင်းကို နမ်းခွင့်ရှိမလား "

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Hikayelerin yaşadığı yer. Şimdi keşfedin