ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (U)

Start from the beginning
                                    

" မင်းမသိလို့၊ ငါမင်းကိုဖက်ထားရရင် သာယာအေးချမ်းတဲ့ တခြားကမ္ဘာတစ်ခုဆီ ရောက်သွားသလိုပဲ ... ပြီးတော့ စိတ်ဖိစီး စိတ်ညစ်နေတာတွေလို မကောင်းတဲ့ခံစားချက်တွေ အကုန်ပျောက်သွားတယ်။ ငါမင်းကို တကယ်ပြောနေတာပါ... "

ဂျရယ်မိုင်ရာက ခရစ်စတိုဖာနားနောက်ကို ညင်ညင်တိုးတိုးလေး ကပ်ပြောလိုက်တော့ ခရစ်စတိုဖာရဲ့ ရုန်းကန်တွန်းဖယ်နေမှုတွေ ရပ်တန့်သွားသည်။

" ဒါ့ကြောင့် ငါမင်းကို ခဏလောက် ဖက်ထားပါရစေ ...ကျေးဇူးပြုပြီးတော့ ငါ့ရဲ့ဖက်ခေါင်းအုံးလေး ခဏတဖြုတ် ဖြစ်ပေးပါကွာ ... ခရစ် ... "

" ဒါပေမယ့် ငါအသက်ရှူကျပ်တယ် "

" ဟုတ်လား။ အဲဒါဆို ဖြည်းဖြည်းလေး ဖက်ထားပေးမယ်။  ငါညက ခွေးတွေလိုက်ကိုက်လို့ ပင်ပန်းထားတယ်။ အားကုန်နေပြီ။ ဒါကြောင့် power bank လေး ၁၀ မိနစ်လောက် ခဏငှား ... "

" ဟင် ဘယ်က power bank လဲ "

" မင်းက ငါ့ power bank ပဲလေ "

" ဟမ် "

" ငါ့အတွက် မသောက်မဖြစ် အားဖြည့်အချိုရည်လေးဆိုလည်း မမှားဘူး"

" အမ် "

" မင်းရဲ့စိတ်တိုဒေါသထွက်နေတဲ့မျက်နှာလေးကို မြင်ရတိုင်းမှာ မင်းကိုရန်သူတစ်ယောက်လို မခံစားမိဘဲ ချစ်စရာကလေးလေးတစ်ယောက်လို့ ခံစားမိနေတာ "

" အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့။ လွှတ်ပေးဆို "

" မင်း အဓိပ္ပာယ်မရှိဘူးထင်တဲ့ ငါ့စကားတွေကို တစ်နေ့ ငါ့လိုခံစားမိလာတဲ့အခါ နားလည်လာလိမ့်မယ်။ မင်းလည်း ငါ့ကိုအရမ်းမုန်းမနေပါဘူး "

" ဘယ်ကသာ ... ငါမင်းကို အရမ်းမုန်းတယ် "

" အဲဒီလိုလား"

ဂျရယ်မိုင်ရာရဲ့ဘယ်လက်ဟာ ခရစ်စတိုဖာရဲ့ဘယ်တင်ပါးပေါ် ပွတ်သပ်နေပြီး အသာအယာလေး ညှစ်နေသည်။

" ဒါဘာလုပ်နေတာလဲ "

" မင်းငါ့ကို မမုန်းအောင် လုပ်ပေးမလို့ "

" မင်း ငါ့ကိုခုလိုတွေ အသားယူနေမှ ပိုမုန်းတာ.. သတ်ပစ်ချင်လောက်အောင် မုန်းတာ "

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now