ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (U)

Start from the beginning
                                    

" ဒုန်း "


ဂျရယ်မိုင်ရာမှ တံခါးတွန်းဖွင့်လိုက်တာကြောင့် နစ်မျောနေတဲ့ခရစ်စတိုဖာ ရှေ့သို့ ယိုင်ချသွားရသည်။ အောက်ပိုင်း သဘက်ပတ်ပြီး ထွက်လာတဲ့ ဂျရယ်မိုင်ရာကို သူလှည့်ကြည့်လိုက်​​၏။ မျက်မှောင်ကုတ်သုန်မှုန်နေသော ဂျရယ်မိုင်ရာကို သူမြင်တွေ့ရသည်။

" ငါ့နား မလာနဲ့ "

​၅ ပေအကွာလောက်ကနေ တန်းခနဲ ခြေလှမ်းကျဲကျဲနောက်ဆုတ်သွားပြီး အလန့်တကြားအော်နေသော ခရစ်စတိုဖာ​၏ပုံစံမှာ သရဲတစ္ဆေတွေ့သလို ကြောက်လန့်နေတဲ့ကလေးတစ်ယောက်ပမာ။ အစပိုင်းတွင် ဂျရယ်မိုင်ရာက ခရစ်စတိုဖာကို စိမ်းဝါးသောအကြည့်များနှင့် ကြည့်နေခဲ့သော်လည်း သူတစ်ခုခုကို နားလည်သဘောပေါက်သွားခဲ့ပြီးနောက်တွင် လှောင်ရယ်နေမိသည်။

ဂျရယ်မိုင်ရာ​၏မျက်နှာအမူအရာများမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး တဏှာကြီးသော မျက်နှာပေးတစ်ခုနှင့် သူ့အပြုံးက အမှန်တကယ် အန္တရာယ်ရှိစွာ ပေါ်ထွက်လာခဲ့လျက်။ ခရစ်စတိုဖာ​၏မျက်ဝန်းများကလည်း ဂျရယ်မိုင်ရာကို ကြည့်နေရင်း ပြူးကျယ်လာခဲ့သည်။ ခရစ်စတိုဖာကို ဂျရယ်မိုင်ရာကနေ နူတ်ခမ်းလျှာသပ်ပြလိုက်သည့်အခါမှာ ခရစ်စတိုဖာလည်း နောက်ဆုတ်လာရင်း၊ဆုတ်လာရင်း နံရံနှင့်ထိကပ်သွားခဲ့သည်။

" ကိုယ်နဲ့ကစားပွဲကောင်းလေး ကစားကြည့်ချင်လား bae ... အဟက် ကိုယ်မင်းကို ညင်သာမယ်လေ ... ဖြည်းဖြည်းသာသာ ဆိမ့်ဆိမ့်လေး "

" ဘာတွေ ပြောနေတာလဲ ... "

ခရစ်စတိုဖာ့ခမျာ တံတွေးများမြိုချနေရကာ ရင်ခုန်နှုန်းလည်း မြန်နေခဲ့​၏။ ဂျရယ်မိုင်ရာက ခရစ်စတိုဖာထက် အရပ် ၃ လက်မပိုမြင့်နေ​၏။ ဂျရယ်မိုင်ရာလည်း ကြောင်တောင်တောင်ဖြစ်နေသည့် ခရစ်စတိုဖာ​၏ခေါင်းအနားတွင် လက်နှစ်ဖက်ထောက်ထားလိုက်သည်။

ခရစ်စတိုဖာ​၏ လှပသော ပယင်းရောင်မျက်လုံးများကို စူးစိုက်ကြည့်နေခဲ့ရင်း။

" မင်းကိုယ့်ကို ကြွေနေပြီလား မြေခွေးဖြူလေး"

ဂျရယ်မိုင်ရာ​၏ညို့ငင်မှုများအောက်မှာ နစ်မွန်းလူနီးပါးဖြစ်နေသော ခရစ်စတိုဖာမှာ ထိုစကားကြောင့် ချက်ချင်း ပြန်အသိစိတ်ဝင်သွား​ကာ ဒေါသထောင်းခနဲဖြစ်သွား​၏။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now