ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (U)

Start from the beginning
                                    

" ကိုကြီး ဂျရယ် ကိုကြီး ဂျရယ် ... ကျွန်တော့်ကို အဲဒီ ချယ်ရီပန်းလေးတွေ ခူးပေး"

" ကိုကြီး ဂျရယ် ... ကျွန်တော့်ကို ပုံပြင်ပြောပြ "

" ဝါးဟားဟား ... ကိုကြီး ဂျရယ်၊ လန့်သွားပြီ ဟေးဟေး "

ဤပုံရံပ်ယောင်များနှင့်အသံများဟာ ခရစ်စတိုဖာ ၏ ငယ်စဉ်ဘဝက ဂျရယ်မိုင်ရာနှင့်အတူတူ ရှိခဲ့ဖူး၊ ဆော့ကစားခဲ့ဖူးသည့် အခိုက်အတန့်များက မှတ်ဉာဏ်တွေသာ။

" ဘာတွေလဲ ... ဒါဘာတွေလဲကွာ။ ငါငယ်ငယ်က ပုံစံကို သူစိမ်းတစ်ယောက်နဲ့ ပြန်မြင်နေရတာလဲ။ ကိုကြီးဂျရယ်က ဘယ်သူလဲ။ ဒါ သက်သက်ထင်ယောင်ထင်မှားတွေပဲ။ ငါ စိတ်ထိန်းရမယ် "

ခရစ်စတိုဖာလည်း သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်ခဲ့ပြီးနောက် သန့်စင်ခန်းထဲကနေ အမြန်ထွက်လာခဲ့သည်။ သူ​၏ကိုယ်ပိုင်တိုက်ခန်းထဲသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ယခုတွင်မူ သူ့ဒဏ်ရာများကို သူ့အတွင်းအားများနှင့် ကုသနိုင်ရန် ကုတင်ပေါ်တွင် တရားထိုင်နေသည့်ပုံသဏ္ဌာန်၌ ငြိမ်ဆိမ်စွာ ထိုင်နေခဲ့ပြီး ဒဏ်ရာများကို ကုသနေလျက်ရှိနေသည်မှာ အချိန်အားဖြင့် ၂ နာရီကြာမြှင့်နေလေပြီ။

" ဒွီ ဒွီ ဒွီ "

( Vibrate လုပ်ထားသည့် ဖုန်းမြည်နေသံ)

ခရစ်စတိုဖာလည်း သူ​၏ကြာမြင့်နေသောကုသမှုကို ရပ်တန့်လိုက်​၏။ တဒွီဒွီမြည်နေသော သူ့ဘေးနားကဖုန်းကို ကောက်မကိုင်ခင်မှာ သက်ပြင်းချလိုက်သည်။ ဖုန်းကိုကိုင်လျှင်ကိုင်ချင်း တစ်ဖက်လူမှ စကားစပြောခဲ့သည်။

" ငါ့သားတော်ရဲ့ဈာပနကို မနက်ဖြန် ကျင်းပမယ်။ မင်းအဖေပါခေါ်ခဲ့လိုက် "

" အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"

မင်းသားမာစီိရာ​၏ခမည်းတော် ဂျက်ဖရီ (Jeffrey)ထံမှ ခေါ်ဆိုမှုဖြစ်သောကြောင့် ခရစ်စတိုဖာလည်း ရိုသေစွာ ဖြေကြားခဲ့သည်။ တိုတောင်းသော ဖုန်းခေါ်ဆိုမှုတစ်ခုဖြစ်ခဲ့​၏။ ထို့နောက် ဖုန်းကို ကုတင်ပေါ်သို့ ပစ်ချလိုက်ပြီးလျှင် သူ့ခန္ဓာကိုယ်ကိုလည်း လဲချလိုက်ကာ အနားယူဖို့ပြင်ခဲ့သည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now