ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (U)

Start from the beginning
                                    

နံရံမျက်နှာကျက်များက ကနုတ်အခက်အလက်များဖြင့် တော်ဝင်ဆန်ပြီး ရှေးဟောင်းအငွေ့အသက်များလွှမ်းခြုံနေခဲ့သည်။ ရွှေရောင်ငွေရောင် တလက်လက် တဖျတ်ဖျတ်တောက်ပနေသော မီးဆိုင်းများကလည်း ဂုဏ်သရေရှိလူကြီးမင်းများနေထိုင်ရာ အခန်းဖြစ်ကြောင်း ဖော်ပြနေ​၏။

ကြီးမားကျယ်ဝန်းသော အခန်းဆောင်တစ်ခု၌ ရွှေအိုရောင်လတ်နေသောအနားကွပ်များနှင့်ကတ္တီပါအနီ ခင်းကျင်းထားသည့် ကုလားထိုင်ကြီးတစ်ခုပေါ်တွင် အလိုမကျမှုများနှင့် မျက်နှာခက်ထန်နေသူ တစ်ဦးရှိနေသည်။

" ကျစ် ... ဒီခွေးမသားကို ငါ ဒီညအရေခွံနွာမယ် "

" အရှင်မင်သား ... စိတ်ထိန်းတော်မူပါ။ ဂျရယ်မိုင်ရာ က အရှင်မင်ကြီးတောင် မနိုင်ခဲ့တာ။ ဒေါသကို ရှေ့တမ်းတင်ပြီး လက်လွတ်စပယ် မလုပ်သင့် ..."

" Christopher (ခရစ်စတိုဖာ) ... "

တရိုတသေ လျောက်တင်နေသူ​၏အမည်နာမကို ခေါ်လိုက်သောအသံတွင် ဒေါသအဟုန်ပါ၍ ပြတ်သားမာထန်ကာ ပဲ့တင်သံတို့မှာ နက်ရိူင်းလျက် ဟိန်းဟိန်းမြည်သွားလေသည်။

" ငါ့ခမည်းတော် ရူံးနိမ့်ခဲ့သလို ငါ့အလှည့်မဖြစ်စေရဘူး။ မင်းငါနဲ့ အဲဒီခွေးမသားကို လိုက်အသေသတ်ပေးရမယ်။ ဒါအမိန့်ပဲ ခရစ် "

ခရစ်ဆိုသူမှာ သူ​၏အရှင်မင်းသားကို ဆက်လက် မတုံ့ပြန်နိုင်ဘဲ ကြောင်အမ်းအမ်းဖြစ်သွားရသည်။

" ခမည်းတော်ဆီ လိုက်ပို့ကြ "

​နဂါးမိစ္ဆာအိမ်ရှေ့စံမင်းသား Mercia ( မာစီရာ) သည် ခရစ်စတိုဖာကို စူးစိုက်ကြည့်ရှူခဲ့ပြီးနောက် သူ့ကိုကျော်ဖြတ်ကာ ခြေခပ်ပြင်းပြင်း ဆောင့်အောင့်လျက် အခန်းပြင်ဘက်ကို ထွက်သွား​၏ ။

ခရစ်စတိုဖာလည်း မျိုသိပ်မှုများနှင့်အတူ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့သည်။ ထို့နောက် ပင့်သက်ရှူရှိုက်ရင်း မင်းသားနောက် လိုက်သွားခဲ့သည်။ ခရစ်စတိုဖာက မင်းသား မာစီရာ၏ အားအကိုးအားထားရဆုံး ဗိုလ်ချုပ်တစ်ဦးပင်။

သူ့အနေဖြင့် ဘုရင့်အိပ်ခန်းအဆောင်ဆီသို့ သွားနေစဉ်မှာပင် သူကြားလိုက်ရသည်က မင်းသား​၏ ငိုကြွေးလျက်စကားပြောသံကို ကြားခဲ့ရသည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now