အပိုင်း ၁

Start from the beginning
                                    

ထိုကောင်လေး၏ မျက်နှာကြည်ကြည်လေးကတော့ ခါတိုင်းလို ပြုံးမယောင်ယောင် အနေအထားလေးနှင့်ပင် အနားသို့ လျှောက်လာသည် ။ Chanyeol နောက်က ကတုံးတစ်အုပ်ကို ကြည့်ပြီးလည်း အနည်းငယ် နေရခက်နေပုံလည်း ပေါ်ပါ၏ ။

" ကိုယ် နောက်မကျဘူးမလား ဘေဘီ "

" ဟုတ်... ကျွန်တော်ထင်တာထက်တောင် မြန်နေပါသေးတယ် "

" မင်္ဂလာပါ !!! သခင်လေး !!! "

Baekhyun စကားဆုံးရုံရှိသေး ရုတ်တရက်ကြီး သံပြိုင်အော်ပြီး ဦးညွှတ်လာသော ကတုံးတို့အုပ်စုကြောင့် အထိတ်တလန့် တစ်ချက် နောက်သို့တွန့်သွားရ၏ ။

" ကျွတ်စ် ! "

Chanyeol က အလိုမကျဟန် စုတ်သပ်ရင်း မျက်ခုံးတွေကို တွန့်ချိုးလို့ နောက်က အုပ်စုကို လှည့်ကြည့်ပေးလိုက်တော့ မဝံ့မရဲဖြင့် ခေါင်းငုံ့သူငုံ့ မျက်နှာလွှဲသူလွှဲ ဖြစ်သွားကြလေသည် ။

ထို့နောက်တွင်မှ မိမိထက် နှစ်ဆမျှ သေးငယ်နေသော ကောင်လေးဘက်သို့ Chanyeol ပြန်လှည့်ကြည့်ပြီးနောက် လက်ဖဝါးတစ်ဖက် ဖြန့်ကမ်းပေးလိုက်၏ ။

" ကိုယ့်အိမ်ကို လိုက်မလား "

" ဒီနေ့တော့ အိမ်ကိုပဲ ပြန်ပါရစေ
ကျွန်တော် စာလုပ်စရာတွေ ရှိနေလို့ "

" အိုကေ... ဒါဆို မင်းအိမ်ကို ကိုယ်လိုက်မယ် "

မိမိလက်ဖဝါးပြင်ကျယ်ကြီးထဲသို့ ရောက်ရှိလာသော ဖြူသွယ်သွယ် လက်သေးသေးလေးတစ်ဖက်အား Chanyeol ဆုပ်ကိုင်ကာ ကားထဲသို့ အတူဝင်ထိုင်ခိုင်းလိုက်လေသည် ။

ကားအနက်၏ နောက်ခန်းသည် အတော်ကို ကျယ်၏ ။ ရှေ့ခန်းနှင့် နောက်ခန်းလည်းဝေးသည် ။ မှန်အနက်တွေက အပြင်မှ အထဲကို တစ်စွန်းတစ်စမှ မမြင်ရစေရန် ကာကွယ်ထား၏ ။ ဤနေရာသည် Boss Park Chanyeol အသားယူလို့ အကောင်းဆုံး နေရာတစ်ခုလည်း ဖြစ်လေသည် ။

အထဲသို့ ရောက်ရောက်ချင်း ငြိမ်သက်စွာ ကုပ်ကုပ်လေး ထိုင်နေသော Baekhyun သည် မကြာမီပင် လည်ပင်းပေါ်သို့ ကျရောက်လာသော နှုတ်ခမ်းတစ်စုံကြောင့် အထိတ်တလန့် မျက်ဝန်းများကိုပင် မှိတ်မိသွားရရှာ၏ ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now